Hyundai Motor Myanmar မှ Myanmar Plaza ၌ Hyundai Accent နှင့် Hyundai Grand I-10 တို့ကို ပြသရောင်းချလျက်ရှိနေ

0

Full article

Hyundai Motor Myanmar ကနေပြီး Hyundai Accent နဲ့ Hyundai Grand I-10 တို့ကို Myanmar Plaza မှာ ဇွန်လ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ပြသရောင်းချလျက်ရှိကြောင်းသိရပါတယ်။

အဆိုပါပြပွဲမှာတော့ ပြည်တွင်း SKD စနစ်နဲ့ ထုတ်လုပ်ထားတဲ့ Hyundai Accent နဲ့ Grand I-10 တို့ကို 3years/100,000km warranty အပါအဝင် ရန်ကုန်လိုင်စင်အမည်ပေါက် UAB ၊ AYA ၊ CB အစရှိတဲ့ Bank တွေနဲ့ချိတ်ဆက်ပြီး ၁ နှစ်မှ ၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ရောင်းချလျက်ရှိပါတယ်။ Downpayment တွေကတော့ AYA Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူပါက ကျသင့်ငွေရဲ့ ၃ဝ% (အနည်းဆုံး)၊ UAB ၊ CB Bank တို့နဲ့ ချိတ်ဆက်ပါက ကျသင့်ငွေရဲ့ ၂ဝ% (အနည်းဆုံး) အသီးသီးပေးချေရမှာပဲ ဖြစ်ပါတယ်။ 1.25 MPi Gasoline Engine ၊ Multi Infotainment System ၊ 4- Speed A/T 16.9 Km/L (Combined)၊ Push- button Start/Stop ၊ Big Trunk တို့ပါဝင်တဲ့ Grand I-10 ကို ယခင်ဈေးနှုန်း 252 Lakh (MMK) ကနေ 224 Lakh (+ ဝင်ငွေခွန်+ RTA) အထိ discount ချပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Kappa 1.4 MPi Gasoline Engine ၊ Infotainment System & Automatic Climate Control ၊ 6-Speed A/T ၊ Push-button Start / Stop စတာတွေပါဝင်တဲ့ Hyundai Accent ကိုတော့ 299 Lakh (MMK) + ဝင်ငွေခွန်+ RTA နဲ့ ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော promotion ခံစားခွင့်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Hyundai ကားသစ်တွေကို စိတ်ပါဝင်စားသူတွေအနေနဲ့ ဇွန်လ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ Myanmar Plaza မှာ သွားရောက်လေ့လာဝယ်ယူနိုင်သလို လာမယ့် ဇွန်လ ၁၇၊ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာလည်း Hyundai Roadshow ကို Capital Hypermarket မှာ ၃ ရက်ကြာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Zing

Author

Comments