Hyundai Motor Myanmar မှ ပြုလုပ်သွားမည့် Tucson Gold Promotion အစီအစဉ်

0

Full article

Hyundai Motor Myanmar ကနေ Hyundai Tucson ကား ဝယ်ယူအားပေးမယ့် customers တွေအတွက် ရွှေသားလက်ဆောင်အပြင် အခြားအဖိုးတန်ပစ္စည်းတွေကိုပါ လက်ဆောင်အဖြစ်ပေးအပ်သွားမယ့် Tucson Gold Promotion ပြုလုပ်သွားမယ်လို့သိရပါတယ်။

Hyundai Tucson ဟာ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ထားတာဖြစ်ပြီး စိတ်ချလုံခြုံမှုရရှိနိုင်တဲ့အပြင် အရည်အသွေးကောင်းမွန်တဲ့ တပ်ဆင်ပစ္စည်းတွေပါဝင်တဲ့ ကားတစ်စီးပါ။ Tucson Gold Promotion အစီအစဉ်ကတော့ နှစ်ကျပ်သား ရွှေပြား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ဆယ်သိန်းတန် ဆီဖြည့်ကတ်တစ်ကတ်နဲ့ တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ်တွေအပါအဝင် ငွေကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပေးသွားမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဇွန်လ ၁ ရက်နေ့ကစတင်မှာဖြစ်ပြီး ကားအစီးရေကန့်သတ်ချက်နဲ့ ရောင်းချပေးသွားမှာပါ။


Tucson (Premium Mid-sized SUV)  မှာ 2.0 CRDi အင်ဂျင်အမျိုးအစားအသုံးပြုထားပြီး အမြင့်ဆုံးစွမ်းရည် 185ps/ 4,000 rpm အထိရရှိနိုင်ပါတယ်။ အမြင့်ဆုံးရုန်းအားကတော့ 41.0 kg.m/ 1,750 ~ 2,750 rpm ပါ။ ဆီစားနှုန်းကတော့ 12.8 km/l (city) ၊ 20 km/l (Highway) နဲ့ 16.7 km/l (Combined) အထိရရှိနိုင်မယ်လို့ Hyundai ကဆိုပါတယ်။ 8-speed automatic transmission ကိုမှ semi-manual အနေနဲ့ပါမောင်းလို့ရတဲ့ကားတစ်စီးပါ။ Apple CarPlay ၊ Android Auto အသုံးပြုလို့ရတဲ့ Floating-type 8-inch LCD Touch Screen ၊ Supervision TFT LCD Cluster ၊ ကြိုးမဲ့စမတ်ဖုန်း ချိတ်ဆက်မှု၊ လေအိတ် ၆  လုံး၊ Smart Tailgate System ၊ နဲ့ HTRAC All-wheel Drive နည်းပညာတွေပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်း အရောင်းရဆုံး ကားတစ်စီးလို့ Hyundai Motor Myanmar ကဆိုထားပြီး စစ်တမ်းများအရ အမေရိကန်နိုင်ငံမှာ ၂၀၁၉ ခုနစ်အတွင်း Tucson အစီးရေ တစ်သိန်းသုံးသောင်းကျော် ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၁၉ ခုနှစ် Myanmar Car of The Year Event မှာ တစ်နှစ်တာ The Best Small SUV ကားဆုကို ရရှိခဲ့တဲ့ကားတစ်စီးလည်းဖြစ်ပါတယ်။


ယခု COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ဝယ်ယူအားပေးလိုသူ customer တွေလုံခြုံမှုနဲ့ အဆင်ပြေလွယ်ကူစေဖို့အတွက် Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စရာမလိုဘဲ ဝန်ဆောင်မှုပေးနိုင်မယ့် Online Registration စနစ်နဲ့ ဝယ်ယူနိုင်အောင်စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုတဲ့ customers တွေအတွက်လည်း ဘေးကင်းစေနိုင်မယ့် ကျန်းမာရေးကာကွယ်မှုတွေကို စနစ်တကျ လုပ်ဆောင်ထားတဲ့အတွက် စိတ်ချလက်ချ လာရောက်ကြည့်ရှု ဝယ်ယူနိုင်မှာပါ။ Tucson Gold Promotion အစီအစဉ်နဲ့ ရောင်းချပေးသွားမယ့် Hyundai Tucson ရဲ့ဈေးနှုန်းကတော့ ငွေကျပ် ၆၃၅ သိန်းဖြစ်ပါတယ်။ Hyundai Tucson ကို အရစ်ကျငွေပေးချေစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ AYA ဒါမှမဟုတ် CB ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အသက်သာဆုံးကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းကနေစကာ အရစ်ကျလစဉ်ငွေပေးချေမှုတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး လစဉ်အတိုးနှုန်းကတော့ ပုံမှန်ထက် ၃ ရာခိုင်နှုန်း သက်သာမယ်လို့သိရပါတယ်။ SKD နဲ့ထုတ်လုပ်တာမို့လို့ ရန်ကုန်လိုင်စင်လိုချင်ပါကလည်း တစ်ပါတည်းရရှိနိုင်တဲ့ ကားတစ်စီးပါ။


ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ မကွေးနှင့် မော်လမြိုင်ဒေသတွေမှာ Hyundai Showroom တွေကို ဖွင့်လှစ်ထားတဲ့အတွက် နီးစပ်ရာ Showroom တွေမှာ စိတ်ကြိုက်သွားရောက်လေ့လာ ဝယ်ယူဖို့အတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်သလို အရည်အသွေးမြင့် အာမခံ Hyundai Spare Parts တွေကိုလည်း Service Dealer Showrooms များမှာယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူရရှိနိုင်တယ်လို့လည်းသိရပါတယ်။ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားရှိတဲ့ Hyundai အရောင်းကိုယ်စားလှယ် Showrooms တွေမှာလည်း သွားရောက်ကြည့်ရှု ဝယ်ယူနိုင်ပါတယ်။

Author