Full article

Hyundai Motor Myanmar Showroom သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဥ္စမအကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ငန်း ဖြစ်သည့် Hyundai ၏ မြန်မာနိုင်ငံတွင်းတရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး Brand New Hyundai အိမ်စီးကားများကို တင်သွင်းရောင်းချလျက်ရှိပါသည်။ ယခုနှစ်မိုးရာသီတွင် Hyundai Motor Myanmar Showroom ၏ Monsoon Special Promotion အဖြစ် တင်သွင်းရောင်းချလျက်ရှိသည့်မော်တော်ယာဉ်များအနက်မှ အချို့ကို အထူးဈေးနှုန်းများဖြင့်ရောင်းချပေးမည်ဖြစ်ပါသည်။

Monsoon Special Promotion တွင် အထူးဈေးနှုန်းများဖြင့်ရရှိနိုင်မည့် ကားအမျိုးအစားများမှာ ပြည်တွင်းတွင် လူသိများပြီး နိုင်ငံတကာတွင်လည်း လူကြိုက်များသော Sonata (Saloon) ၊ Elantra (Saloon) နှင့် i-30 (Hatchback) တို့ဖြစ်ပြီး အဆိုပါမော်တော်ယာဉ်များအား အမျိုးအစားအလိုက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အထူးလျှော့ဈေးအဖြစ် မူလရောင်းဈေးမှ ၂၇ သိန်းမှ ၃၆ သိန်းအထိ လျှော့ချကာရောင်းချပေးမည်ဖြစ်သည်။ Promotion ကာလကို သြဂုတ်နှင့် စက်တင်ဘာ နှစ်လတည်းသာ သတ်မှတ်ထားသည့်အပြင် အရေအတွက်ကန့်သတ်ထားသည့်အတွက် စိတ်ပါဝင်စားသော Customer များအနေနှင့် Promotion ကာလမကုန်ဆုံးမီ စောလျင်စွာလာရောက်ဝယ်ယူ နိုင်ကြောင်း အကြောင်းကြား အပ်ပါသည်။ ထို့အပြင် Hyundai Motor Myanmar Showroom တွင် အရစ်ကျငွေချေစနစ်ကိုလည်း စတင်လိုက်ပြီ ဖြစ်ရာ Promotion ကာလအတွင်း အဆိုပါကားအမျိုးအစားများကို အရစ်ကျစနစ်ဖြင့်ဝယ်ယူမည်ဆိုပါက ပိုမိုသက်သာသော အရစ်ကျနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

Hyundai Motor Myanmar ၏အရစ်ကျငွေချေစနစ် (Hire Purchase) ကိုလည်း ယခုလတွင်မှစတင်လိုက်ခြင်းဖြစ်ပြီး ရောင်းချလျက်ရှိသော မော်တော်ယာဉ်အမျိုးအစားအားလုံးကို အရစ်ကျဝယ်ယူနိုင်ပြီဖြစ်သည်။ အရစ်ကျဝယ်ယူမှု အတွက် အနည်းဆုံးကနဦးပေးသွင်းငွေအဖြစ် မော်တော်ယာဉ်တန်ဖိုး၏ ၃ဝ% (သို့မဟုတ်) ၄ဝ% (သို့မဟုတ်) ၅ဝ% ပေးချေနိုင်ပြီး အရစ်ကျပေးသွင်းရမည့်ကာလကို ၁ နှစ် (သို့မဟုတ်) ၂ နှစ် (သို့မဟုတ်) ကာလရှည်အဖြစ် ၃ နှစ် ရွေးချယ်ပေးသွင်းနိုင်ပါသည်။ မော်တော်ယာဉ် ဝယ်ယူလိုသော်လည်း လက်ငင်းငွေချေ စနစ်ဖြင့်ပေးချေရန် အခက်အခဲရှိသည့် ဝယ်ယူသူများအတွက် ကုန်ကျစရိတ်အနည်းဆုံးနှင့် Brand New မော်တော်ယာဉ်တစ်စီး ပိုင်ဆိုင်နိုင်ရန်စီစဉ်ထားပါသည်။ သို့ဖြစ်ရာ H100 (Light Truck) ကို ဝယ်ယူလိုသူအနေနှင့် ကနဦး ပေးသွင်းငွေ ၅ဝ% ပေးချေပြီး ကာလရှည် (၃) နှစ်အရစ်ကျပေးချေမည်ဆိုပါက တစ်လလျှင် အရစ်ကျ ပေးသွင်းရမည့်ပမာဏမှာ မြန်မာကျပ် ၂သိန်းခွဲခန့်သာ ကျသင့်မည်ဖြစ်ပါသည်။

Hyundai Motor Myanmar တွင်တင်သွင်းရောင်းချနေသည့် မော်တော်ယာဉ်များအားလုံးသည် Brand New မော်တော်ယာဉ်များဖြစ်သည့် အားလျော်စွာ ၃ နှစ် (သို့မဟုတ်) ကီလို ၁ သိန်းအာမခံ ပေးထားပါသည်။ စိတ်ပါဝင်စားသော Customer များအနေနှင့် Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

Showroom-Sonata-Elantra-i30-500x333

Author