Full article

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Hyundai အမှတ်တံဆိပ် အဆင့်မြင့်အိမ်စီးကားများကို မြန်မာပြည်တွင်တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် တင်သွင်းရောင်းချလျက်ရှိသော Hyundai Motor Myanmar Showroom ကို ဖွင့်လှစ်ခဲ့သည်မှာ ယခုအခါတစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ Hyundai Showroom ဖွင့်လှစ်သည့် တစ်နှစ်တာကာလအတွင်း မိဘပြည်သူများ၏ စိတ်ဝင်တစားအားပေးမှုကိုလည်း လှိုက်လှဲစွာရရှိခဲ့ပါသည်။ Showroom ၏ (၁) နှစ်ပြည့်အောင်မြင်မှုကိုဆင်နွှဲသည့်အနေဖြင့်လည်းကောင်း၊ မိဘပြည်သူများကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့်လည်းကောင်း 1st Anniversary Promotion ကို ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်နေ့အထိ  ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

1-Year-Promotion

Hyundai Showroom (၁) နှစ်ပြည့်အထိမ်းအမှတ် Promotion အဖြစ် ဒီဇင်ဘာတစ်လလုံးအတွင်း နံမည်ကြီး Hyundai မော်တော်ယာဉ် (၆) မျိုးကို အရစ်ကျဝယ်ယူလျှင် အတိုးနှုန်းလုံးဝမယူပဲရောင်းချပေးသွားမည်ဖြစ်ပါသည်။ ယင်းမော်တော်ယာဉ် (၆) မျိုးတွင် Hyundai SantaFe ကဲ့သို့ ထိပ်တန်း SUV ကားအမျိုးအစားမှစ၍ မြန်မာနိုင်ငံတွင် ရောင်းအားအလွန် ကောင်းသော ဈေနှုန်းသင့် လုပ်ငန်းသုံး H100 (Light Truck) တို့အထိ ပါဝင်မည်ဖြစ်သည်။ ယင်းမော်တော်ယာဉ်များကို လက်ငင်းဝယ်ယူပါကလည်း Customer များအား အံ့အားသင့်ဖွယ် Discount များ ပေးအပ်သွားမည်ဖြစ်သည်။ 1st Year Anniversary Promotion သည် Hyundai ကိုယုံကြည်အားပေးကြသော မိဘပြည်သူများအားလုံး လူတိုင်းစေ့ Brand New ကားစီးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်သည့် အစီအစဉ်လည်းဖြစ်ရာ အံ့အားသင့်ဖွယ် Hire Purchase အစီအစဉ်များနှင့် မယုံနိုင်ဖွယ် Cash Down Discount Rate များကို သိရှိနိုင်ရန်အတွက် Showroom သို့လာရောက်ကြည့်ရှုကြရန် ဖိတ်ခေါ်လိုပါသည်။

အဆိုပါအစီအစဉ်များအပြင် Auto Lease Program (ကားအငှားဝန်ဆောင်မှု) ၏ အထူးအစီအစဉ်အနေဖြင့် ဒီဇင်ဘာလအတွင်း အဆိုပါကားမော်ဒယ် (၆) မျိုး၏ ငှားရမ်းခနှုန်းထားများကိုလည်း လျှော့ချပေးသွားဦးမည်ဖြစ်ပါသည်။ ထို့အပြင် Christmas နှင့် နှစ်သစ်ကူး အခါသမယကို ဆင်နွှဲသည့်အနေဖြင့်လည်း ဒီဇင်ဘာလအတွင်း ကားဝယ်ယူသူ Customer အားလုံးကို Showroom မှ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားဦးမည် ဖြစ်ပါသည်။

ဤကဲ့သို့ လက်လွှတ်မခံသင့်သည့်အထူးအခွင့်အရေးများကိုရရှိနိုင်ရန်အတွက် Promotion ကာလဖြစ်သည့် ဒီဇင်ဘာ ၁ မှ ၃၁ အတွင်း Showroom သို့ဆက်ဆက်လာရောက်လေ့လာကြရန် ဖိတ်ခေါ်လိုပြီး Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း ဝ၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ဆက်သွယ်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Author