Full article

ကိုရီးယားနိုင်ငံမှ ကမ္ဘာကျော်အမှတ်တံဆိပ်များ စည်ကားစွာပါဝင်ပြသမည့် Korea Product Expo 2015 အား ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် မေလ ၂၁ ရက်မှ ၂၄ အထိ ၄ ရက်တိုင်တိုင် ခမ်းနားစွာကျင်းပမည်ဖြစ်ပါသည်။ ယင်းပြပွဲကြီးတွင် နိုင်ငံတကာ၌ လူသိများပြီးဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများအပါအဝင် အမှတ်တံဆိပ်များစွာ ပါဝင်ပြသမည်ဖြစ်သည့် အားလျော်စွာ တောင်ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် မော်တော်ယာဉ် လုပ်ငန်းဖြစ်သည့် Hyundai အမှတ်တံဆိပ် Brand New ကားများကိုလည်း Hyundai ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည့် Hyundai Motor Myanmar Showroom မှ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

အဆိုပါက Korea Expo 2015 ပြပွဲကြီးတွင် Hyundai Showroom မှ နံမည်ကြီးကားမော်ဒယ်များဖြစ်သည့် Hyundai Azera, SantaFe, Elantra, Grand i-10, H1 အစရှိသည့် အဆင့်မြင့်အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများကို ခင်းကျင်းပြသသွားမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသော ကားမော်ဒယ်များကိုလည်း အတိုးမဲ့အရစ်ကျဖြင့်သော်လည်းကောင်း၊ လက်ငင်းဝယ်ယူပါက အထူးလျှော့ဈေးများဖြင့် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Brand New Hyundai ကားများ၏ အားသာချက်၊ အားနည်းချက်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုသူများအတွက်လည်း Elantra နှင့် i-30 ကားများကို စမ်းသပ်မောင်းနှင်နိုင်ရန် စီစဉ်ထားပေးမည်ဖြစ်ပါသည်။ ကြိုတင်စာရင်းပေးသွင်းလိုပါက Test Drive Hotline ဝ၉ ၂၅၂ ၁၈ ၃၁၁၃ သို့ဆက်သွယ်နိုင်ပါသည်။

ပျော်ရွှင်ဖွယ်အစီအစဉ်များအနေဖြင့် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှုကြသူများ အားလုံးအတွက် လက်ဆောင်များရယူနိုင်မည့် Spin to Win အစီအစဉ်၊ Caricature ရုပ်ပြောင်များ ဆွဲနိုင်မည့်အစီအစဉ်၊ မိမိကံကြမ္မာကိုသိရှိနိုင်မည့် Tarot ဗေဒင်ဟောကိန်း အစရှိသည်တို့အပြင် ကလေးငယ်များအတွက်လည်း ချစ်စဖွယ်လက်ဆောင်များပေးအပ်သွားမည့်အစီအစဉ်တို့လည်းပါရှိပြီး မည်သူမဆိုလွတ်လပ်စွာပါဝင်နိုင်ပါသည်။ သို့ဖြစ်ရာ စိတ်ပါဝင်စားသူ အားလုံး ပြပွဲအချိန်ဖြစ်သည့် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း Korea Product Expo ရှိ Hyundai ကားပြခန်းသို့ လာရောက်ကြည့်ရှုရင်း ပျော်ရွှင်ဖွယ်အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကာ လက်ဆောင်ပစ္စည်းများ လာရောက်ရယူကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

Hyundai သည် နိုင်ငံတကာ မော်တော်ယာဉ်အမှတ်တံဆိပ်များနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်မြင့်ဇိမ်ခံကားများ၊ အိမ်စီးကားများ အပါအဝင် ယာဉ်အမျိုးအစားစုံကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ရောင်းချပေးနေသည့် မော်တော်ယာဉ်လုပ်ငန်းကြီးဖြစ်ပြီး Hyundai ကားများကို ကမ္ဘာတစ်ဝှမ်းမှ ကားအသုံးပြုသူများကလည်း စိတ်ချယုံကြည်စွာ ဝယ်ယူစီးနင်းကြလျက်ရှိပါသည်။ Hyundai အမှတ်တံဆိပ်အိမ်စီးကားများကို မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသော Hyundai Showroom ၏ ဆက်သွယ်ရန်လိပ်စာမှာ အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ဝ၉ ၄၂ ၁ဝဝ ၂ဝ၅၁ ဖြစ်ပါသည်။

Author