Hyundai Motor Myanmar Car Showroom အသစ် ကို နေပြည်တော်မြို့နှယ်တွင် စတင်ဖွင့်လှစ်ခဲ့

0

Full article

Hyundai Motor Myanmar ရဲ့ car Showroom အသစ်ဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၈ခုနှစ် ဧပြီလ ၁ ရက်နေ့က နေပြည်တော် တွင်ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကျင်းပရခြင်း သည် နေပြည်တော်မှာ ရှိသည့် Hyumdai Motor ကိုစိတ်ဝင်စားသူများ နှင့် အားပေးချင်သူများအတွက် မိတ်ဆက်ပေးခဲ့တာ ဖြစ်သည်။

ဒီ နေပြည်တော် Showroom တွင်ကားအမျိုးအစားအလိုက် တင်သွင်းရောင်းချပေးနေပြီး Hyundai ကားကိုဝယ်ယူအားပေးကြသူများအားလုံး အဆင်ပြေစေဖို့ ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နေပြည်တော် Service Center တွင် ပြုလုပ်ပေးသွားမှာ ဖြစ်သည်။

ယင်း Service Clinic အစီအစဉ်တွင် Brand new ကားအသစ်များအတွက် အခမဲ့အင်ဂျင်ဝိုင်လဲလှယ်ခြင်း၊ အခမဲ့အဲယားကွန်းစနစ် စစ်ဆေးပေးခြင်း နှင့် ကားရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းများအား အခမဲ့ စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်ပေးမှာ ဖြစ်သည်။

 

Used Car များအတွက် ကား၏ အရေးကြီးတဲ့ အစိတ်အပိုင်းများအား အခမဲ့စစ်ဆေးပေးခြင်း၊ ကုန်ကျစရိတ်များကို အခမဲ့တွက်ချက်ပေးခြင်း၊ လိုအပ်တဲ့ အဖိုးပစ္စည်းများကို ရောင်းချပေးခြင်း နဲ့ မှာယူရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်ပေးသွားမှာဖြစ်သည်။

Author