J.D. Power မှ 2020 ခုနှစ်အတွက် Initial Quality Study ဆု အများဆုံးဆွတ်ခူးသည့် Automotive Group အဖြစ် Hyundai Motor အားသတ်မှတ်

0

Full article

ဆိုးလ်၊ ဇွန်လ ၂၅ ရက်၊ ၂၀၂၀ ခုနှစ် - အမေရိကန်အခြေစိုက် J.D. Power 2020 U.S Initial Quality Study (IQS) ဆုအတွက် သက်ဆိုင်ရာကားအမျိုးအစား အသီးသီးတွင် အကောင်းဆုံးထိပ်တန်းကားများ ရွေးချယ်ပေးအပ်ခဲ့ရာ Hyundai Motor Group မှ ဆုအများဆုံး ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ J.D. Power မှ Hyundai Tucson အား အကောင်းဆုံး ကနဦးအရည်အသွေး Compact SUV ဆု ချီးမြှင့်ခဲ့ပြီး Hyundai Veloster အား အကောင်းဆုံး Compact Sporty ကားအမျိုးအစားဆုကို ချီးမြှင့်ပေးခဲ့သည်။ Hyundai Accent နှင့် Elantra တို့မှာ ဒုတိယဆုအသီးသီး ရရှိခဲ့ပြီး Santa Fe မှာ တတိယဆု ဆွတ်ခူးခဲ့သည်။ Hyundai Genesis မှာ ၄ နှစ်ဆက်တိုက် ထိပ်တန်းကားအမျိုးအစားအဖြစ် ဦးဆောင်နေလျက်ရှိပြီး G70 ကားအမျိုးအစားမှာ The Top Compact Premium Car အမျိုးအစားဆုကို နှစ်နှစ်ရရှိခဲ့ခြင်း ဖြစ်သည်။

2020 U.S initial Quality Study ဆုသည် ၂၀၂၀ ခုနှစ်ထုတ် ကားအမျိုးအစားများအား ဝယ်ယူထားသူ ၈၇,၂၈၂ ဦးအား  ၃ လအတွင်းမောင်းနှင်ထားသည့် အတွေ့အကြုံများအား ကောက်ယူရရှိသည့် အချက်အလက်များပေါ် မူတည်၍ ချီးမြှင့်ခြင်းဖြစ်သည်။ J.D. Power သည် အမေရိကန်အခြေစိုက် အချက်အလက်စုဆောင်းစိစစ်သရုပ်ခွဲမှုများကိုလုပ်ဆောင်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး စားသုံးသူနှင့် ဝယ်ယူအသုံးပြုသူတို့၏ အချက်အလက်များကို အဓိကထား ဆောင်ရွက်လျက်ရှိကာ ၁၉၆၈ ခုနစ်ကတည်းက စတင်တည်ထောင်ထားခဲ့သော ကုမ္ပဏီလည်းဖြစ်သည်။

Author