ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Hyundai Motor နှင့် Shwe Daehan Motors မှ PPE (Personal Protective Equipment) များလှူဒါန်း

0

Full article

၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက် (ကြာသာပတေး) နံနက် ၁၀:၀၀ နာရီတွင် Hyundai Motor နှင့် Shwe Daehan Motors တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE (Personal Protective Equipment)) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mr. Kim Sunbal (CEO of Hyundai Motor Myanmar)၊ Mr. Choi Won Young (Managing Director of Coordination and Innovation Division)၊ Mr. Park Chang Ick (Managing Director of Sale and Marketing Division)၊ ဒေါ်ပန်းမို့မို့ဖြူ (DGM of Hyundai Motor Myanmar)၊ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်၊၊ ဆက်လက်၍ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ PPE (Personal Protective Equipment)  များကို ပေးအပ် လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပါသည်၊၊
ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Hyundai Motor နှင့် Shwe Daehan Motors တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများစုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် ရုတ်သိမ်းခဲ့သည်။


ယနေ့ကျင်းပသော လှူဒါန်းပွဲအခမ်းအနားတွင် Hyundai Motor နှင့် Shwe Daehan Motors မှ US$ 44,000 တန်ဘိုးရှိသည့် ကိုရီးယားနိုင်ငံထုတ် PPE (Personal Protective Equipment)  အစုံနှစ်ထောင်ကို လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။

Author