Hyundai MMM Brand New Car Showroom ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့

0

Full article

Hyundai MMM Brand New Car Showroom ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ဇူလိုင်လ ၇ ရက်နေ့က အမှတ် ၁၉၄/၁၉၆ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် ရွှေဝါလမ်းထောင့် တာမွေမြို့နယ်ရှိ Hyundai MMM Showroom မှာကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နံနက် ၈ နာရီတွင်စတင်ခဲ့ပြီး Hyundai MMM ရဲ့ customers များ၊ ဖိတ်ကြားထားသူများ၊ Hyundai MMM ၏လုပ်ဖော်ကိုင်ဖက်များ၊ အထူးဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာတော့ ပျော်ရွှင်စရာ lucky draw အစီအစဉ်များ၊ တက်ရောက်လာတဲ့ဧည့်သည်တော်များမှ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းများနဲ့ စည်ကားခဲ့ပါတယ်။ Hyundai MMM Brand New Car Showroom မှ ဖွင့်ပွဲအထိမ်းမှတ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ Hyundai Brand New ကားများကို အထူး promotion များနဲ့ရောင်းချခဲ့ပါတယ်။

Hyundai MMM Brand New Car Showroom မှာတော့ Hyundai အမှတ်တံဆိပ် Brand New ကားသစ်တွေဖြစ်တဲ့ Hyundai Grand i10 2019 model ၊ Accent 2019 model ၊ Creta 2019 model ၊ Sonata၊ Santa fe ၊ H-1 (TCI 12p) ၊ H-1 (CRDI 12p) ၊ H-100 တို့ကို ပြသရောင်းချသွားမယ်လို့သိရပါတယ်။

Zing

Author