Full article

MyanmarCarsDB (Yangon, 22 Aug 2012)

ပြည်တွင်းရှိမော်တော်ကားအရောင်းစင်တာများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ သွင်းကုန်ထုတ်ကုန်ဖြန့်ချီရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကမ္ဘာ့အဆင့်မှီ မော်တော်ကားများကို တိုက်ရိုက်တင်သွင်းရောင်းချနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း EMG မှတစ်ဆင့်သိရှိရသည်။

ကနဦးဆောင်ရွက်မှုအနေဖြင့် လတ်တလောက PepsiCo ၏ မူပိုင်ဖြန့်ချီခွင့်ရယူလိုက်သည့် Diamond Star ကုမ္ပဏီအုပ်စုကြီးမှ ကိုးရီးယားအခြေစိုက် Hyundai Motor Group ကားကုမ္ပဏီကြီး၏ Hyundai နဲ့ Kia brand မော်တော်ယာဉ်များကို ပြည်တွင်း၌ဖြန့်ချီရန် ဆွေးနွေးလျှက်ရှိသည်။ အဆိုပါမော်တော်ကားများကို Diamond Star ၏ မော်တော်ယာဉ် တင်သွင်းဖြန့်ချီရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် တည်ထောင်ထားသော Capital Automotive မှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အရောင်းပြခန်းများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်ဟုသိရှိရသည်။ Toyota နဲ့အပြိုင် အာရှထုတ်ကားများဖြစ်ပြီး Hyundai နဲ့ KIA တို့သည် ကမ္ဘာပေါ်တွင် နာမည်ကောင်းရထားသော brand များဖြစ်သည့်အတွက် မြန်မာ့ဈေးကွက်တွင်လည်း စိတ်ဝင်စားလူကြိုက်များမည်ဟု ယူဆရပါသည်။

တစ်ချိန်တည်းမှာပဲ အခြားပြည်တွင်းရှိကားလုပ်ငန်းရှင်များသည် ဥရောပအခြေစိုက်ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သည့် Volkswagen Group နဲ့ဆွေးနွေးမှုများပြုလုပ်နေသည်ဟုကြားသိရသည်။ ခိုင်ခန့်သည်၊ သပ်ရပ်သည်ဟုနာမည်ကြီးသည့် လက်ရှိ Volkswagen brand အောက်တွင်ပင် ကားမော်ဒယ်ပေါင်း အနည်းဆုံး ၁၄ခုခန့်ရှိသည်ကိုတွေ့ရပါသည်။ အဆိုပါ 1937 တွင် ဂျာမနီ ဘာလင်၌တည်ထောင်ခဲ့သည့် Volkswagen Group သည် ဟိုးအရင်ခေတ်ကလို ဘောက်စ်ဝက်ဂွန်ကားဟု ကျွန်တော်တို့နိုင်ငံတွင် လူသိများသည့် ကားလေးတွေနဲ့စခဲ့ရာမှ ယခုအခါ အခြားကား brand များကိုလည်း ပိုင်ဆိုင်နေသည့် ကုမ္ပဏီကြီးဖြစ်ပါသည်။ အထင်ကရ brand များမှာ Audi, Bentley, Bugatti, Lamborghini, Porsche, SEAT, Škoda စသည်တို့ဖြစ်ပြီး မော်တော်ဆိုင်ကယ် Ducati အမှတ်တံဆိပ်ကိုလည်း ပိုင်ဆိုင်ထုတ်လုပ်နေပါပြီ။

vw_models-500x253

မြန်မာ့ကားဈေးကွက်တွင် ယခုအခါ ဂျပန်နိုင်ငံမှ Used Car များသာ ကြီးစိုးတာတွေ့ရပေမဲ့ EMG ၏ သတင်းသာမှန်ပါက လာမည့် ၆လ မှ တစ်နှစ်အတွင်း Brand New ကားဈေးကွက်တစ်ခုဖြစ်ထွန်းလာမည်မှာမလွဲပေ။

မိတ်ဆွေတို့၏အမြင်ကိုလည်း အောက်တွင်ဆွေးနွေးကြစေလိုပါသည်။

– MyanmarCarsDB : Ref: Eleven Media Group

Author