Hyundai Grand i10 2018 မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်

0

Full article

Hyundai Motor ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော International KLM Co.,Ltd မှ Grand i10 2018 ကားသစ်ကို မြန်မာနိုင်ငံဈေးကွက်သို့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် Hyundai Showroom တွင် ကျင်းပပြုလုပ် သွားခဲ့ပါသည်။

Grand i10 ကို Standard Grad နှင့် Luxury Grade နှစ်မျိုးနှစ်စားဖြင့် ရရှိနိုင်ပြီး ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၂ဝ၈ဝဝ နှင့် ၁၉၇ဝဝ ဖြစ်ကာ အရာင်အားဖြင့် ၈ ရောင်ရရှိနိုင်ကြောင်း သိရသည်။

Hyundai Grand I10 ကို ဝယ်ယူလိုသော ဖောက်သည်များသည် အနည်းဆုံးငွေပေးချေမှု ၂ဝ ရာခိုင်နှုန်းနှင့်အတူ အတိုးမယူဘဲ ၃ နှစ်အရစ်ကျ လစဉ်ပေးသွားရမည်ဖြစ်ကြောင်းသိရသည်။

Grand i10 သည် ဥရောပတွင် Grand i10 (Sedan) ဆိုသည့် အမည်ဖြင့် ကျော်ကြားပြီး The Best Selling Car of The Year ဆုကို ၃ နှစ်ရရှိထားပြီးဖြစ်ကာ India နိုင်ငံတွင်တော့ Xcent ဆိုသည့် အမည် India Best Selling Car of The Year ဆုကိုလည်း ရရှိခဲ့သည်။
B-01

Author