Hyundai Cherry MyKo မှ Hyundai Roadshow ပွဲအား ရန်ကုန်မြို့ City Mall (St. John) တွင် စတင်ကျင်းပ

0

Full article

Hyundai Cherry MyKo မှ Hyundai Roadshow ပွဲအား ရန်ကုန်မြို့ City Mall (St.John) တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အထူးလက်ဆောင်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


Hyundai Cherry MyKo ၏ Hyundai Roadshow တွင် Brand New Hyundai ကားသစ်များဖြစ်သော Tucson, Creta နှင့် Accent များကိုပြသရောင်းချသွားမည်ဖြစ်ပြီး Roadshow ပွဲတွင်လာရောက်ဝယ်ယူသူများကို Cash Back နှင့် အထူးလက်ဆောင် ၁၀ မျိုးကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။ အရစ်ကျဝယ်ယူလိုသူများအတွက်လည်း ၁၅ % ကနဦးပေးချေကာဝယ်ယူနိုင်မည်ဖြစ်သည်။

Hyundai Tucson 2020 ကို
ကားတန်ဖိုး - ၆၃၅ သိန်းကျပ်
ကညန - ၂၀၀,၀၀၀ ကျပ်
ဘီးခွန် - ၂၁၉,၀၀၀ ကျပ်
ဝင်ငွေခွန် ၃% - ၁,၉၀၅,၀၀၀ ကျပ်
အပြီးအစီး ၆၅၈ သိန်းဝန်းကျင် ဖြင့်လည်းကောင်း

Hyundai Creta 2020 ကို
Price - ၄၅၀ သိန်း+ ဘီးခွန် - ၂၁၉,၀၀၀ + ကညန - 2 သိန်း + ဝင်ငွေခွန် ၃% - ၁၃.၅ သိန်း
အပြီးအစီး ၄၆,၇၆၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း

Hyundai Accent 2020 ကို
Price - ၂၉၉ သိန်း + ဘီးခွန် - ၂၁၉,၀၀၀ + ကညန ၂ သိန်း + ဝင်ငွေခွန် ၃% - ၈.၉၇ သိန်း
အပြီးအစီး ၃၁,၂၁၆,၀၀၀ ကျပ် ဖြင့်လည်းကောင်း အသီးသီးရောင်းချသွားမည်ဖြစ်သည်။

Hyundai Accent 2020 နှင့် Creta 2020 တို့မှာ In Stock ရှိသည့်အတွက် (အရေအတွက် အကန့်အသတ်သာ) မှာထားပြီးစောင့်ဆိုင်းနေရန်မလိုကြောင်း သိရသည်။

Hyundai ကားသစ်များကို စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ City Mall (St. John) တွင် ၁၈.၃.၂၀၂၀ မှ ၂၁.၃.၂၀၂၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင်ရောင်းချသွားမည့် Hyundai Cherry Myko ၏ Hyundai Roadshow အား မနက် ၉ နာရီမှ ည ၉ နာရီအတွင်း စိတ်တိုင်းကျ သွားရောက်လေ့လာဝယ်ယူနိုင်ပါသည်။

Author