Full article

Hyundai Motor Company သည် တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးနှင့် ကမ္ဘာ့ကားဈေးကွက်နေရာတွင် အဆင့် ၅ ရှိသော မော်တော် ယာဉ်ထုတ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသောထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ Hyundai ၏ မြန်မာနိုင်ငံ တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် Hyundai Motor Myanmar Showroom ကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ရောင်းချလျက်ရှိကာ Hyundai အမှတ်တံဆိပ် Saloon, Sedan, SUV, Sports Type, Hatchback စသည့်အိမ်စီးကားများ၊ လုပ်ငန်းသုံးဖြစ်သည့် Van, Light Truck များကို တင်သွင်းရောင်းချလျက်ရှိပါသည်။ မော်တော်ယာဉ်များအားလုံးသည် တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်း ထားသည့် နိုင်ငံတကာအဆင့်အတန်းပြည့်မီပြီး အရည်အသွေးအထူးအာမခံနိုင်သည့် Brand New ဘယ်မောင်းကားများဖြစ်ပါသည်။ Hyundai Motor Myanmar တွင်ရောင်းချလျက်ရှိသော ကားများအားလုံးကို လက်ငင်း (သို့) အရစ်ကျဖြင့် ရောင်းချပေးခြင်း၊ Down Payment မလိုပဲနှစ်အလိုက်ငှားရမ်းပေးခြင်း အစရှိသော ဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိပါသည်။

Hyundai ကိုချစ်ခင်အားပေးကြသော မိဘပြည်သူများအတွက်ရည်ရွယ်၍ ယခုနှစ် အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် သီတင်းကျွတ် နှင့် တန်ဆောင်တိုင် Promotion စီစဉ်ထားပါသည်။ ပြည်တွင်း၌သာမက နိုင်ငံတကာဈေးကွက်တွင် ထင်ရှားသော Sonata ၊ ပြည်ပဈေးကွက်တွင် ရောင်းအားအကောင်းဆုံးစာရင်းဝင်ဖြစ်ပြီးအကြမ်းခံသော Elantra ၊ နိုင်ငံတကာတွင် ဒီဇိုင်းကောင်းပြီး Safety အပြည့်အဝပေးနိုင်သော i-30 စသည့် မော်တော်ယာဉ်အမျိုးအစား (၃) မျိုးကို ကျပ်သိန်း ၃ဝ ပတ်ဝန်းကျင် အထူး Discount ဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။ သက်သာသောနှုန်းထားဖြင့် နှစ်အလိုက်ငှားရမ်းနိုင်သကဲ့သို့ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပြီး ကားတန်ဖိုး ၃ဝ% မှ ၅ဝ% ကို ကနဦး ပေးချေကာ ၁နှစ်မှ ၃ နှစ်အထိအရစ်ကျဝယ်ယူနိုင်ပါသည်။ ထို့အပြင်ပျော်ရွှင်ဖွယ်အစီအစဉ်အဖြစ် သမိုင်းလမ်းဆုံ၊ ရန်ကုန်ရှိ Showroom သို့လာရောက်ကြည့်ရှုသော Customer တိုင်းကို လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဗလာမပါကံစမ်းမဲ ဖောက်ပေးခြင်း အစရှိသည်တို့ကို စီစဉ်ထားရှိပေးထားပါသည်။

ယခုအခါ ရန်ကုန်တွင်သာမက မန္တလေး၊ ပုသိမ်၊ ပြည်၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ မုံရွာ၊ လွိုင်ကော်၊ လားရှိုးမြို့တို့ရှိ အရောင်းကိုယ်စားလှယ်များတွင်လည်း Hyundai Brand New မော်တော်ယာဉ်များကို ဈေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှု တစ်ပြေးညီဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ မော်တော်ယာဉ်ဝယ်ယူပါက ၃ နှစ် (သို့) ကီလို ၁ သိန်းအာမခံ ရရှိနိုင်မည်ဖြစ်ပါသည်။ စိတ်ဝင်စားသော Customer များအနေနှင့် အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့လည်းကောင်း၊ အမှတ် (၁ဝ)၊ လမ်း ၄ဝ၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ ဖုန်း ဝ၂-၃၆၇၉၇ သို့လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Author