Hyundai Motor Myanmar Showroom တွင် တင်သွင်းရောင်းချနေသော ၁၂ ယောက်စီး Brand New Hyundai H1 (Starex) အား ယခင်သတ်မှတ်ထားသော ကညနအခွန်နှုန်းထားများအရ နံပါတ်အနီဖြင့် ဝယ်ယူလျှင် ဈေးတစ်မျိုး၊ နံပါတ်အနက်ဖြင့် ဝယ်ယူလျှင် နောက်ဈေးတစ်မျိုးဖြင့်ရောင်းချပေးခဲ့ရာမှ ယခုတွင် ၁ဝ ယောက်မှ ၁၅ ယောက်စီး Mini Bus များကို နံပါတ်အနီဖြစ်စေ၊ အနက်ဖြစ်စေ ကညနခွန် တစ်မျိုးတည်း (၅ ရာခိုင်နှုန်း) သာကျသင့်စေတော့မည်ဖြစ်ရာ နံပါတ်အနက်နှင့် Hyundai H1 (Starex) ကို ပိုမိုသက်သာသော ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။
ယခင်သတ်မှတ်ထားသော ကညနအခွန်နှုန်းများအရ နံပါတ်အနက်နှင့် Brand New Hyundai H1 ကို Auto ဂီယာဖြစ်လျှင် ၅၂ဝ သိန်းဖြင့်လည်းကောင်း၊ Manual ဂီယာဖြစ်လျှင် ၄၈၅ သိန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ပါသည်။ သို့သော် ကညနအခွန်ကိုလျှော့ချပြီးသည့်နောက် ယခုတွင် Brand New Hyundai H1 နံပါတ်အနက်ကို Auto ကို ၃၂၆ သိန်း၊ Manual ကို ၂၉၁ သိန်းဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။
Hyundai Motor Myanmar Showroom တွင် ရရှိနိုင်သော ဒီဇယ်အင်ဂျင်သုံး H1 (Starex) သည် ကိုရီးယားနိုင်ငံမှ တိုက်ရိုက်တင်သွင်းထားသော စက်ရုံထုတ်ကားသစ်ဖြစ်ပါသည်။ Surround Air-con စနစ်ပါဝင်ပြီး ၂.၅ စီစီ (5 Speed) ၁၂ ယောက်စီး ကားအမျိုးအစားဖြစ်သည့်အတွက် မိသားစုသုံးဖြစ်စေ၊ လုပ်ငန်းသုံးဖြစ်စေ၊ Travel & Tour လုပ်ငန်းများအတွက်ဖြစ်စေ အသုံးတည့်သော ယာဉ်အမျိုးအစားလည်းဖြစ်ပါသည်။ Hyundai H1 (Starex) ၏ အောက်ပိုင်းဖွဲ့စည်းပုံစနစ်မှာ အကြမ်းခံပြီး ဘယ်မောင်းလည်းဖြစ်သည့် အတွက် မြန်မာနိုင်ငံလမ်းများနှင့် အထူးသင့်တော်ပါသည်။ Hyundai H1 (Starex) ကို ကြိုက်နှစ်သက်ပြီး ယာဉ်ဝယ်ယူရသည့်အသုံးစရိတ်ကို ချွေတာလိုသောသူများအနေနှင့် ယခင်ကကဲ့သို့ နံပါတ်အနီနှင့်ဝယ်ယူရန်မလိုတော့ပဲ နံပါတ်အနက်ကို သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ပြီဖြစ်ပါသည်။
Hyundai Showroom တွင် လက်ရှိအချိန်၌ ၂ဝ၁၄ ဖီဖာကမ္ဘာ့ဖလားပရိုမိုးရှင်းအဖြစ် Azera, Sonata, Elantra, i-30, SantaFe နှင့် Genesis Coupe အစရှိသည့်ယာဉ်အမျိုးအစားများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး Showroom မှဝယ်ယူသည့် ယာဉ်များအားလုံးအတွက် ၃ နှစ် (သို့မဟုတ်) ကီလို ၁ သိန်း အာမခံပေးထားပါသည်။ Customer များအနေဖြင့် မိမိစိတ်ကြိုက်ယာဉ်ကိုရွေးချယ်ဝယ်ယူခြင်းအပြင် ယာဉ်နှင့်ပတ်သက်သည့်ပြင်ဆင်ဝန်ဆောင်မှု၊ အပိုပစ္စည်းများ အစရှိသည်တို့ကို တစ်နေရာတည်းတွင် အပြီးအစီးရရှိနိုင်မည်ဖြစ်ပါသည်။ Hyundai ကားများအား မြန်မာနိုင်ငံတွင်တရားဝင် တစ်ဦးတည်းကိုယ်စားလှယ် အဖြစ်တင်သွင်းရောင်းချနေသော Hyundai Motor Myanmar Showroom သည် အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်တွင် တည်ရှိပြီး စိတ်ဝင်စားသူများအနေနှင့် ဖုန်း 653271, 653272 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။