Full article

နာမည်ကြီးကားကုမ္ပဏီတစ်ခုဖြစ်သည့် Hyundai ကို မြန်မာနိုင်ငံတွင် တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသော Hyundai Motor Myanmar Showroom တွင်ရောင်းချလျက်ရှိသော Hyundai (Brand New) ကားများအား ယခုနှစ် ဇူလိုင်လမှစတင်ကာ သက်သာသောဈေးနှုန်းဖြင့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းကိုလည်းအသုံးပြုနိုင်ပြီဖြစ်ပါသည်။

Hyundai-2

Hyundai (Brand New) ကားများကိုငှားရမ်းအသုံးပြုနိုင်မည့် Auto Lease အစီအစဉ်ကို ယခုလတွင် ပထမဦးဆုံးစတင်ခြင်းဖြစ်ပြီး ငှားရမ်းအသုံးပြုနိုင်မည့် ယာဉ်အမျိုးအစားများတွင် Sonata (Saloon)၊ Azera (Sedan)၊ SantaFe (SUV)၊ Elantra (Saloon)၊ i-30 (Hatchback) အစရှိသည့် အဆင့်မြင့်အိမ်စီးကားများပါဝင်သည့်အပြင် လုပ်ငန်းသုံးဖြစ်စေ မိသားစုသုံးဖြစ်စေ အဆင်ပြေသော ၁၂ ယောက်စီး Van ကားအမျိုးအစားဖြစ်သည့် H1 (Starex) နှင့် ပြည်တွင်းတွင် လုပ်ငန်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုခြင်းခံရသော H-100 (Light Truck) များကိုလည်း ငှားရမ်းနိုင်မည်ဖြစ်သည့်အတွက် အရည်အသွေး ကောင်းမွန်သည့် မော်တော်ယာဉ်များကို သက်သာသောဈေးနှုန်းဖြင့် ငှားရမ်းအသုံးပြုလိုသော လုပ်ငန်းရှင်များ လက်လွှတ်မခံသင့်သော အစီအစဉ်ဖြစ်ပါသည်။

ငှားရမ်းအသုံးပြုနိုင်မည့် ကားများအားလုံးသည် တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်တင်သွင်းသည့် Brand New မော်တော်ယာဉ်များ ဖြစ်သည့်အားလျော်စွာ အထူးကောင်းမွန်သော ကားအသစ်စက်စက်များဖြစ်ပြီး အဆိုပါကားများအတွက် အလုံးစုံမော်တော်ယာဉ်အာမခံ ပူးတွဲပါရှိမည်ဖြစ်ပါသည်။ ငှားရမ်းအသုံးပြုသူများ အဆင်ပြေစေရန်အတွက် အချိန်ပြည့် Customer Call Center ထားရှိပေးထား မည်ဖြစ်ကာ ငှားရမ်းထားသည့် မော်တော်ယာဉ်များကို Hyundai Motor Myanmar ၏ Service Center တွင် ကျွမ်းကျင်ပညာရှင် များဖြင့် အခမဲ့စစ်ဆေးပေးမည့်အစီအစဉ်လည်းပါရှိပါသည်။ အထူးအစီအစဉ်အနေနှင့် အငှားချထားသော မော်တော်ယာဉ်များအား ပြင်ဆင်ရန်လိုအပ်ပါက ပြုပြင်နေသည့်အချိန်အတွင်း Customer များအခက်အခဲမဖြစ်စေရန် အခြားယာဉ်တစ်စီးကိုအစားထိုး အသုံးပြုနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပါသည်။ ငှားရမ်းသည့်ကာလ ပေါ်မူတည်ပြီး ငှားရမ်းခကွာခြားသွားမည် ဖြစ်ကာ Customer များအနေနှင့် မိမိတို့လိုအပ်ချက်နှင့်ကိုက်ညီသည့်ယာဉ်အမျိုးအစားကို ရွေးချယ်ငှားရမ်းနိုင်ပါသည်။

ယခုမှစတင်လိုက်သည့် Auto Lease အစီအစဉ်တွင် ငှားရမ်းနိုင်မည့် ကားအမျိုးအစားလိုက် ငှားရမ်းခများနှင့်ပတ်သက်၍ဖြစ်စေ၊ ရရှိနိုင်မည့်အထူးဝန်ဆောင်မှုများနှင့်ပတ်သက်၍ဖြစ်စေ အသေးစိတ်သိရှိလိုပါက Hyundai Motor Myanmar Showroom ၊ အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ Hyundai Myanmar Auto Leasing Hotline 09 2500 10010 သို့တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Author