ဆိပ်ကမ်းများတွင် လာရောက်ထုတ်ယူခြင်းမရှိတဲ့ ကားအစီးရေ ၁၄ဝဝ ကျော်ကို ကြမ်းခင်းဈေးသတ်မှတ်၍ လေလံပစ်မည်

0

Full article


ဆိပ်ကမ်းများတွင် လာရောက်ထုတ်ယူခြင်းမရှိတဲ့ ကားအစီးရေ ၁၄ဝဝ ကျော်ကို ကြမ်းခင်းဈေးသတ်မှတ်၍ လေလံပစ်သွားမည်ဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေသိရပါတယ်။မော်တော်ယာဉ်များအား ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းများ၌ အကြောင်းအမျိူ းမျိူ းကြောင့် လာရောက်ထုတ်ယူခြင်းမရှိဘဲ သိမ်းဆည်းထားသော ကားအစီးရေ ၁၄ဝဝ ကျော်ရှိပြီး တန်ဖိုးကြီး Landcruiser ကားများပါဝင်နေတယ်လို့ သိရပါတယ်။

အဆိုပါကားများ၏ လေလံကြမ်းခင်းဈေးကို အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်နေလျှက်ရှိပီး မကြာခင်ရက်ပိုင်းတွင် တရားဝင်ကြေငြာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆိပ်ကမ်းအသီးသီးတွင် ကားအစီးရေ ၂ဝဝဝ ကျော်သိမ်းဆည်းထားရှိပြီး လေလံပစ်မည့်ကားအစီးရေမှာ ၁၄ဝဝ ခန့်ရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author