Full article

ကားတင်သွင်းခွင့်များရပြီးနောက်ပိုင်းတွင် ကားများတင်သွင်းမှုများပြားလာသကဲ့သို့ ကုမ္ပဏီများမှလည်း HIRE PURCHASE စနစ်ဖြင့် ရောင်းချခြင်းများရှိကြကြောင်း သိရှိရသည်။

kyat

ရောင်းချရာတွင် ဘဏ်များနှင့်ချိတ်ဆက်ထားပြီး Payment အား ခြောက်လ၊တစ်နှစ်၊နှစ်နှစ် စသည်ဖြင့် သတ်မှတ်ချက်များထားရှိကြောင်း သိရှိရသည်။ အများအားဖြင့် HIRE PURCHASE စနစ်ဖြင့် Taxi ယာဉ်များအား ဝယ်ယူမှုများကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံများတွင် ယင်းစနစ်ဖြင့် လည်ပတ်ခြင်းမှာ အကျွမ်းတဝင်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ ယခုအချိန်မှသာ ကျင့်သုံးမှုရှိလာကြောင်း Showroom ပိုင်ရှင်တစ်ဦးမှ ပြောကြားသည်။ ယင်းစနစ်ကိုဆောင်ရွက်ရာတွင် အစိုးရဌာနများတွင် လျင်မြန်မှုပိုမိုလိုအပ်လာကြောင်း သိရှိရသည်။ ဥပမာ ကားတစ်စီးဝယ်ယူပြီးပါက ကနဦးတွင် Customer အမည်ပေါက်မဟုတ်ဘဲ ရောက်ရှိလာပါက အမည်ပေါက်ကိုအရင်ပြုလုပ်ပြီးမှ ဘဏ်စနစ်ကိုသုံးရကြောင်းသိရှိရသည်။

ကနဦးအမည်ပေါက်ပြုလုပ်ရသော က.ည.န တွင်အချိန်ကြာမြင့်စွာစောင့်စားရခြင်းများမှာ ဘဏ်သို့ချိတ်ဆက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိတတ်ကြောင်း သိရှိရသည်။

Auto World journal မှ ကူးယူဖော်ပြသည်။

Author

Comments