HINO Myanmar မှ မန္တလေးရှိလုပ်ငန်းရှင်များအား ဝန်ဆောင်မှုများ တိုးမြှင့်ပေးနိုင်ရန် HINO Partnership Program ကျင်းပပြုလုပ်

0

Full article

ရန်ကုန်၊ မြန်မာ HINO အမှတ်တံဆိပ် လုပ်ငန်းသုံးယာဉ်များကို မြန်မာနိုင်ငံသို့တရားဝင် တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသော Summit SPA Motors, Ltd. မှ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၏အခက်အခဲများကိုဖြေရှင်းပေးနိုင်ရန်နှင့်ဝန်ဆောင်မှုများကို တိုးမြှင့်ပေးနိုင်ရန်အတွက် HINO Partnership Program ကို မေလ ၂၅ ရက်နေ့၌ Mahar Mandaly Restaurant & Bar တွင် ကျင်းပပြုလုပ်ခဲ့သည်။

Summit SPA Motors, Ltd. သည် မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်မှစတင်ကာ HINO တရားဝင် ဝန်ဆောင်မှုကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီးချိန်မှစ၍ HINO လုပ်ငန်းသုံးယာဉ်များအား ဝန်ဆောင်မှုပေးခြင်း၊ HINO ကားများ တင်သွင်းခြင်းနှင့်ဖြန့်ဖြူးရောင်းချခြင်း ၊ ဈေးကွက်ရှာဖွေခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကို အလေးထားဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။
HINO Partnership Program တွင် HINO Myanmar သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ၄င်းတို့၏ အကြံပြုချက်များကို လေ့လာ၍ အနာဂတ်တွင် အကောင်းဆုံးဝန်ဆောင်မှုများထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် HINO Myanmar မှ 700 Series Tractor Head နှင့် 300 Series Box Truck ကို အထူးဈေးနှုန်းများဖြင့်ရောင်းချသွားမည်ဖြစ်ပြီး Aftersales Service Discount များကိုလည်း ပေးအပ်သွားခဲ့သည်။
HINO Myanmar သည် မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့်ကိုက်ညီသော ဘယ်မောင်း 300 Series Light Duty Truck ၊ 500 Series Medium Duty Truck နှင့် 700 Series Heavy Duty Truck များကိုရောင်းချလျက် ရှိပြီး အလုံးစုံထောက်ပံ့မှု (Total Support) ဖြင့်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Hino Yangon Showroom – အမှတ် ၈၊ မြေကွက် ၅ဝ၅၊ အမှတ် ၃လမ်းမကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
Hino Mandalay Showroom – အမှတ် G1-B2, ရန်ကုန်-မန္တလေးလမ်းမကြီး၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်း၊ စက်မှုဇုံ ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

Author