Hino Motors ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာတစ်ဦးတည်းကိုယ်စားလှယ်ခန့်အပ်ခြင်းအခမ်းအနားကျင်းပ

0

Full article

![](/redline/content/images/2017/05/P1015707-300x225.jpg)

Hino Motors ကုမ္ပဏီ (Toyota Group Company in Japan) မှမြန်မာနိုင်ငံ အတွက် Hino ထုတ်ကုန်များကိုတရားဝင်တင်သွင်းရောင်းချသူအထူးကိုယ်စားလှယ်အဖြစ် Summit SPA Motors ကုမ္ပဏီ အားခန့်အပ်ခြင်း အခမ်းအနားကို ၂ဝ၁၇ခုနစ်၊ မေလ(၁၉)၊ ရက်တွင် အမှတ်(၃)လမ်းမကြီး၊ လှည်းကူးမြို့နယ် SPA Motors အရောင်းပြခန်း ၌ ညနေ ၃းဝဝ နာရီမှ ၅းဝဝ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းအခမ်းနားသို့ Hino Motors ကုမ္ပဏီ နှင့် Summit SPA ကုမ္ပဏီမှ တာဝန်ရှိသူများက တက်ရောက်အမှာစကားပြောကြားပြီး ရှေဆက်အကျိုးတူပူးပေါင်းခြင်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကျပါတယ်။

Summit SPA Motors ကုမ္ပဏီကို ၂ဝ၁၄ခုနစ်၊ သြဂုတ်လတွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Hino Motors ၏ တရားဝင်အသိမှတ်ပြု Hino Service Station ကိုပါ ၂ဝ၁၅ခုနှစ် ဧပြီလတွင်စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝယ်ယူအသုံးပြုသူများအတွက်ယာဉ်အပိုပစ္စည်းနှင့် Aftersales Service လိုအပ်ချက်များကိုပါ အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ဒါကြောင့် Hino truck အသုံးပြုသူများကို Aftersales Service ဝန်ဆောင်မှုများပေးရန်အတွက် Hino Motors နှင့် SPA Motors တို့ဆက်ဆံမှုတိုးမြင့်ရန်အပါဝင် ရန်ကုန် နှင့်မန္တလေးမြို့များတွင် ပါအရောင်းကိုယ်စားလှယ်များခန့်အပ်ထားရှိရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ ထို့နောက် Hino ၏ ကမ္ဘာ့အဆင့်မှီ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏တစ်ဦးတည်းသောကိုယ်စားလှယ်မှတစ်ဆင့်ရရှိနိုင်မှာဖြစ်ပြီး အနာဂတ် Customer များအတွက်အကောင်းမွန်ဆုံးသောဝန်ဆောင်မှုများကိုပါပေးအပ်သွားမှာဖြစ်ကြောင်း Hino Motors ၏ Managing Directorဖြစ်သူ Mr.Iwao Tajiri နှင့် SPA Motors၏ General Manager ဦးသန်းစိုးတို့ကပြောကြားခဲ့ပါသည်။

Author