Full article

မတော်တဆမှုများကြောင့် ခရီးသည်တင်ယာဉ်တွေမှာ ဟိုင်းလပ်တွေပြေးဆွဲခွင့်မပြုခြင်းဖြစ်ကြောင်း မထသ ကော်မတီ ဥက္ကဌ ဦးလှအောင်ကပြောပါသည်။ 

11158298-200x150

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည် မည်သည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်မဆို ထုတ်ပြန်ထားသည့် သတ်မှတ်ရက်ထက် ကျော်လွန်ပြေးဆွဲသည့် ယာဉ်လိုင်းများကို သတ်ဆိုင်ရာ တိုင်းဒေသကြီးများမှရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ ဟိုင်းလပ်ယာဉ်များနှင့် ပတ်သတ်၍မူ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းဝင်ရောက်ပြေးဆွဲမှုကို ကန့်သတ်မည်ဖြစ်ပြီး၊ ယင်း ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် အထိသာ ပြေးဆွဲခွင့်ရှိမည်ဖြစ်သည်။ ထိုဟိုင်းလပ်များနေရာတွင် မီနီဘတ်များကိုတင်သွင်း ခွင့်ပြုထားပြီးဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင်စတင်ကာ ဟိုင်းလပ်များသာမက ဒိုင်နာယာဉ်များကိုလည်း မီနီဘတ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Ref: Automobile

Author

Comments