ဝင်ငွေခွန်ပေးဆောင်ရခြင်းကြောင့် ကျောင်းကားအဖြစ်အသုံးပြုမည့် carry truck ခွေးဘီလူးကားများ သာအရောင်းအဝယ်ရှိနေ

0

Full article

ဇွန်လ ၁ရက်နေ့မှစ၍ ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဆိုသည့် အခွန်ကောက်ဥပဒေသစ်ကြောင်း ကျောင်းကားအဖြစ်အသုံးပြုမည့် carry truck ကားလေးများသာ အရောင်းအဝယ်ဖြစ်နေကြာင်း ကားအရောင်းအဝယ်ပြုလုပ်နေသူများ ထံမှသိရသည်။လတ်တလောဖြစ်ပေါ်နေသည့် အခွန်မူဝါဒနှင့် ရန်ကုန်ပါမစ်ရပ်ဆိုင်းထားခြင်းကြောင့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားလေးများမှာ အရောင်းအဝယ်အေးနေလျှက်ရှိပြီး ကျောင်းကားအဖြစ်သာအသုံးပြုမည့် ကားများဖြစ်သော နံပါတ်ထွက်ပြီးသား carry truck ကားများ Hijet ကားများသာအရောင်းအဝယ်ဖြစ်နေလျှက်ရှိသည်။

လက်ရှိဖြစ်နေတဲ့ ကားလောကအခြေအနေက အခွန်ကိစ္စရော ကားပါကင်ထောက်ခံချက် ရပ်ဆိုင်းထားတာဖြစ်တဲ့အတွက် ၁၃ဝဝ စီစီ ကားလေးတွေကအရောင်းအဝယ်မကောင်းပါဘူး။ကျောင်းကားအဖြစ်အသုံးပြုမည့် ခွေးဘီလူး carry truck ကားလေးတွေဘဲ အရောင်းအဝယ်ဖြစ်နေတယ်ဟုကားအရောင်းအဝယ်ပြုလုပ်သူအများစုကဆိုသည်။

ကားအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် မူဝါဒအပြောင်းအလဲများမကြာခဏပြောင်းလဲမှူတို့ကြောင့်ကားတစ်စီးဝယ်ယူပီးပါက ပြန်လည်တင်သွင်းရန်မလွယ်ကူသဖြင့် အရေလုပ်ရာတွင် လိုချင်သည့်ဈေးတန်းရမှသာအရောင်းအဝယ်ပုလုပ်နေကြောင်းသိရသည်။

Author