တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းသယ်ယူရန် Hijet ကားလေးများ အဝယ်လိုက်လာသည့် ကားအရောင်းအဝယ်ဈေးကွက်

0

Full article

![](/redline/content/images/2017/04/hijet-300x213.jpg)

တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းသယ်ယူရန်နဲ့ မိုးတွင်းမရောက်မှီ သွားလာရေးအတွက် လိုအပ်လာသဖြင့် နယ်ဝယ်လက်များမှာ Hijet ကားလေးများ အဝယ်လိုက်လာနေတယ်လို့ ရန်ကုန် ကားအရောင်းအဝယ်ဈေးကွက်အတွင်းမှသိရပါတယ်။သင်္ကြန်ပြီးထဲက ကားဈေးကွက်ကအေးလာတယ်။ ဈေးလည်းမတက်သလို အဝယ်လည်းသိပ်မရှိဘူး။ အခုရက်ပိုင်းကျမှ နယ်ဝယ်လက်တွေက Hijet ကားလေးတွေအဝယ်ပြန်လိုက်လာတယ်။ နယ်မှာက မိုးတွင်းရောက်ခါနီး ဆိုင်ကယ်အစား အကာအကွယ်ပါတဲ့ Hijet ကားလေးတွေကို ဝယ်လာကြတာ။ ကုန်ပစ္စည်းတင်ရတာလည်း အဆင်ပြေတာလည်းပါတယ်။ လို့ လှိူင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်း ကားအမျိူ းစုံအရောင်းအဝယ်ပြုလုပ်နေတဲ့ ကိုမျိူ းဇော်ဟိန်း ကပြောပါတယ်။

အခြားအိမ်စီးကားများမှာ သင်္ကြန်ပြီးထဲက အရောင်းအဝယ်ရပ်တန့်နေပြီး ပြောင်းလဲလာမယ့် မူဝါဒကိုစောင့်ဆိုင်းလုပ်ကိုင်နေတယ်လို့သိရပါတယ်။ ကားဈေးနှူန်းမှာ အရောင်းအဝယ်မရှိသော်လည်း ဈေးကျဆင်းသွားတာမရှိဘဲ မဖြစ်မနေအသုံးလိုနေသည့် သူများသာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံမှလေလံဆွဲ မှာယူသည့်သူများမှာလည်း အင်ဂျင်ပါဝါနိမ့်ကားလေးများနဲ့ Hijet ကားလေးများကိုသာ လေလံဆွဲနေပြီး ရန်ကုန်ဈေးကွက်တွင် နယ်လိုင်စင် Hijet ကားလေးများကို ကျပ်သိန်း ၈ဝ မှ ကျပ်သိန်း ၈၂ သိန်းနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author