Full article

အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးယာဉ်များဆိုက်ရောက် နိုင်ရန် Arrival ဝင်းတည်ဆောက်၍ ခရီးသည်များကို ဝန်ဆောင်မှုပေး လျက်ရှိရာ ယခုလပိုင်းတွင် Arrival ဝင်း၌ ယာဉ်ဝင်ရောက်မှုလျော့နည်း လျက်ရှိကြောင်းသိရသည်။

Highway

ဤကဲ့သို့ အောင်မင်္ဂလာအဝေး ပြေးယာဉ်များဆိုက်ရောက်နိုင်ရန် အတွက် Arrival စခန်းကို (၂ဝ၁၃) ခုနှစ် (၈) လပိုင်း၌ အစမ်းဖွင့်ခဲ့ပြီး (၉) လပိုင်းမှစတင်၍ တရားဝင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ တရားဝင်ဖွင့် လှစ်ခဲ့သည့် (၉) လပိုင်းတွင် Arrival ဝင်းသို့ ယာဉ်အစီးရေ တစ်နေ့လျှင် အများဆုံး (၃၉၉) စီးအထိဝင်ရောက် ခဲ့သော်လည်း ယခုအခါတွင် တစ်ရက် ကို (၁၈၈) စီးသာဝင်ရောက်ဆိုက် ကပ်တော့ကြောင်း အောင်မင်္ဂလာ အဝေးပြေး Arrival ဝန်းမှ တာဝန်ရှိ သူ၏ပြောကြားချက် အရသိရှိရသည်။

ယင်းကဲ့သို့ ယာဉ်အစီးရေလျော့ နည်းသွားရခြင်းမှာ ခြောက်လမ်းသွား နှင့် အမှတ် (၃) လမ်းမကြီးပြင်နေ သည့်အတွက်ကြောင့်ဖြစ်ကြောင်းကို လည်း ၎င်းင်းမှဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ အောင်မင်္ဂလာအဝေး ပြေး Arrival ဝင်းကို လုပ်ကိုင်ခွင့်အားMYINT & PAING Co., Ltd. မှ BOT စနစ်ဖြင့် (၁၇) နှစ် လုပ်ကိုင်ခွင့် ရရှိခဲ့ ကြောင်းသိရသည်။ ယင်းဝင်း အတွင်း ဆိုက်ရောက်ခကိုကားကြီး တစ်စီး (၅ဝဝ) ကျပ်၊ ကားလေး တက္ကစီ (၂ဝဝ) ကျပ်တို့ဖြင့်အသီး သီးကောက်ခံပြီး Public နံပါတ် အနက်ကို ငွေကြေးကောက်ခံခြင်း မပြုကြောင်းသိရသည်။

အောင်မင်္ဂလာအဝေးပြေးယာဉ် Arrival ဝင်းသည် တစ်ရက်လျှင် ခန့် မှန်းခြေ ခရီးသည် (၆ဝဝဝ) ကျော်ကို ဝန်ဆောင်မှုများပေးနေကြောင်းသိရှိရ သည်။ ယင်းကဲ့သို့ အဝေးပြေးယာဉ် များသည် Arrival တွင်ဆိုက်ရောက် ပါက ခရီးသည်များသွားလာမှု လွယ် ကူစေရန် City Bus နှင့် တက္ကစီများ ကိုလည်း အဆင်သင့်ထားပေးထား ကြောင်းသိရသည်။ အောင်မင်္ဂလာအဝေးပြေး Arrival စခန်းကို တည်ဆောက်နိုင်ခြင်း ကြောင့် နိုင်ငံတကာကဲ့သို့ Arrival စခန်းသီးသန့်တည်ရှိပြီး ယခင်ကလို တက္ကစီများနောက် မှလိုက်လာခြင်း မရှိသည့်အတွက် ခရီးသည်များအဆင် ပြေစွာသွားလာနိုင်ပြီး ယာဉ်ကြောပိတ် ဆို့မှုကို အနည်းငယ်လျှော့ချနိုင်မှာဖြစ် ကြောင်းသိရသည်။

Ref: Automobile

Author