Full article

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်၌ လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ် ပေါ်နေကြောင်း 'ဆောက်လုပ်ရေးဝန်ကြီးဌာန'၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။

Bodies Bodies of passengers are covered in newspapers as they are laid down on the road after a passenger bus plunged from an elevated highway known as the Skyway Monday, Dec. 16, 2013, in suburban Paranaque southeast of Manila, Philippines. Officials said at least 21 people died, mostly passengers, and more than 20 others were injured in the accident. (AP Photo/Bullit Marquez)

လက်ရှိတွင် အမြန်လမ်းမကြီး တစ်လျှောက်၌ တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်အစီးရေ ၁၂,ဝဝဝ ခန့် နေ့စဉ် ဖြတ်သန်းသွားလာ လျက်ရှိပြီး ဖြတ်သန်းနေသည့် အစီးရေ တစ် သောင်း ကျော်ခန့်တွင် ယာဉ်မတော်တဆမှု တစ်မှု ဖြစ်ပွားလျက်ရှိသဖြင့် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရ သည်။ "အမြန်လမ်းကို အသုံးပြု သွားလာတဲ့ယာဉ် များလာတာနဲ့ အမျှ ယာဉ်မတော်တဆမှုတွေ လည်း တစ်လကို အကြိမ်နှစ်ဆယ် လောက်ဖြစ်လာ တာတွေ့ရတယ် "ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း (အမြန်လမ်းပိုင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အမြန်လမ်းမကြီး စတင် အသုံးပြုခဲ့သည့် ၂ဝဝ၉ ခုနှစ်၊ မတ်လမှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ယာဉ်မတော်တဆမှု ပေါင်း ၅၄၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃ဝ၉ ဦး၊ ဒဏ်ရာရရှိသူ ၁,၂၂၅ ဦး ရှိခဲ့ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Author