သင်္ကြန်ကာလအဝေးပြေးခရီးယာဉ်များနှင့် YBS ယာဉ်များ ယာဉ်စီးခ ပိုတောင်းက ထိရောက်စွာအရေးယူမည်

0

Full article


သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် အဝေးပြေး ခရီးသည် တင်ယာဉ်များနှင့် YBS ယာဉ်များကို မူလသတ်မှတ် ဈေးနှုန်းထား အတိုင်း ကောက်ခံပြေဆွဲရမည်ဖြစ်ပြီး အဝေးပြေး ခရီးသည်တင် ယာဉ်များနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသောYBS ယာဉ်များ မူလသတ် မှတ်နှုန်းထားအတိုင်း တောင်းခံခြင်းမရှိဘဲ ပိုမိုတောင်းခံပါက ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သိရပါတယ်။ 'YBS ယာဉ်တွေကိုတော့ သင်္ကြန်ရက်အတွင်းမှာ ခရီးသွားပြည်သူတွေ သွားရေးလာရေး အခက်အခဲမရှိအောင် စီစဉ်ထားပါတယ်။ ယာဉ်စီးခကတော့ မူလကောက်ခံတဲ့ အတိုင်းပဲ ယာဉ်စီးခကို ကောက်ခံရမှာဖြစ်ပါတယ်။ ယာဉ်စီးခတွေ ပိုမိုကောက်ခံရင် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ YBS ယာဉ်လိုင်း အတွင်းမှာ သတ်မှတ်ထား တဲ့ ယာဉ်လိုင်းတွေ၊ သတ်မှတ် ထားတဲ့အချိန်နဲ့ ကားအစီးရေကို အလှည့်နဲ့ ပြေးဆွဲပေးသွား နိုင်ဖို့ အတွက် ဆောင်ရွက်သွားမှာပါ။ အစိုးရဘက်ကနေ လိုက်နာ ကျင့်သုံးနိုင်ဖို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ထိန်းသွားမှာ ဖြစ်ပါတယ်။ ဥပဒေကို လိုက်နာတတ်တဲ့ ဓလေ့ဖြစ်ဖို့အတွက် ယာဉ်လိုင်းတွေ၊ မောင်းတဲ့သူတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ အဝေးပြေး ယာဉ်လိုင်း ပြေးဆွဲနေ တဲ့သူတွေအားလုံး လိုက်နာကြဖို့ပဲ လိုပါတယ်။ လိုက်နာမှု မရှိရင်တော့ ဥပဒေနဲ့အညီ ထိန်းညှိပေးသွားမှာပဲ ဖြစ်ပါတယ်။'ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်း လင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ' ဒီနှစ် သင်္ကြန်ကာလမှာ ရန်ကုန်မြို့တွင်း YBS ယာဉ်တွေရော၊ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတွေပါ ဈေးနှုန်းတိုးပြီး တောင်း ခံမှုတွေကိုတော့ ထိထိရောက်ရောက် ဥပဒေနဲ့အညီ ဂိတ်တွေကို အရေးယူသွားမှာဖြစ်တယ်။ " လို့ အထက်ပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောသည်။ သင်္ကြန်ကာလအတွင်း ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲမှု နည်းခဲ့ပြီး ပြေးဆွဲသည့် ယာဉ်များလည်း ငွေတောင်းခံ ရာတွင် အဆမတန် ပိုတောင်းခံမှုများ ရှိနေတယ်လို့သိရသည်။ တိုင်ကြားလို့အရေးယူတာထက်စာရင် စုံစမ်းမှူပြုလုပ်သင့်တယ်။အခုကထဲက ကားခပိုတောင်းတာတွေလုပ်နေတာ။ထိထိကောက်ရောက်ပြစ်ဒဏ်မျိူ းပေးမယ်ဆိုရင် ဘယ်သူမှလုပ်မှာမဟုတ်ဘူး။ နှစ်တိုင်းလည်း သင်္ကြန်မှာ ကားခပိုတောင်းတာရှိနေတယ်။ အရေးယူတာ အားနည်းတော့ လုပ်ချင်သလိုလုပ်နေကြတာ။ တစ်ကယ်ခံစားနေရတာ ခရီးသွားတဲ့သူတွေပဲလို့ သင်္ကြန်ရုံးပိတ်ရက်တွင် နယ်ဒေသသို့ နှစ်စဉ်ပြန်နေကျဖြစ်သူ မဟေမာက ပြောပါတယ်။

ခေတ်သစ်

Photo Credit

Author