ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အဝေးပြေးယာဉ်ရပ်နားခ ကောက်ခံမှုကို ပုဂ္ဂလိက သို့ လုပ်ကိုင်ခွင့်ပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်နေသော ယာဉ်ရောင်းဝယ်ရေးစခန်းများ၊ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးစခန်းများ၊ အဝေးပြေးယာဉ်ရပ်နားခ ၊ ယာယီပစ္စည်းစုပုံထားခများ၊ နားနေခ ကောက်ခံခြင်းစသော လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးရန် တင်ဒါခေါ်ယူမှုများ လုပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အ ခွန်ဌာနက သိရသည်။ထိုသို့သော လုပ်ငန်းများတွင် ယာဉ်ဝင်ခနှင့် ရပ်နားခ ကောက်ခံခြင်းတို့ကို ပုဂ္ဂလိကလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရန် လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းယာဉ်ဝင်ခကောက်ခံခြင်း၊ သံသုမာယာဉ်ရောင်းဝယ်ရေး စခန်းယာဉ်ဝင်ခကောက်ခံခြင်း၊ နံသာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးစခန်း ယာဉ်ဝင်ခကောက်ခံခြင်း၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံဧရာအဝေးပြေး ယာဉ်ဝင်ခကောက်ခံခြင်းလုပ်ငန်း၊ ဘုရင့်နောင်ပွဲရုံ၊ စောဘွားကြီးကုန်း ကုန်တင်ယာဉ်ရပ်နားစခန်း၊ ကျိုက်က္ကစံ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေး ယာဉ်ဝင်ခ ရပ်နားစခန်းကောက်ခံခြင်း၊ ဒဂုံမြောက်ယာဉ်မောင်းလေ့ကျင့်ရေး ယာဉ်ဝင်ခကောက်ခံခြင်းလုပ်ငန်းစ သည့် ရန်ကုန်တိုင်းအတွင်းယာဉ်ဝင်ကြေး ယာဉ်ရပ်ခ ကောက်ခံခြင်းလုပ်ငန်းများကို အဌားချထားပေးရန် တင်ဒါခေါ်ယူခဲ့သည်။"ဘတ်ဂျက်နှစ်မကုန်ခင် အဌားချထားတဲ့လုပ်ငန်းတွေ ပုဂ္ဂလိကကို တင်ဒါခေါ်တာပါ။ ယာဉ်ရပ်နားခ ယာဉ်ဝင်ခ ကောက်တဲ့လုပ်ငန်းတွေကတော့များပါတယ်။"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဝေးပြေးယာဉ်ရပ်နားစခန်း ဝင်ကြေးကောက်ခံခြင်းများ၊ ယာဉ်ရပ်နားစခန်းများ၊ ယာဉ်အရောင်းဝယ်ရေးစခန်းများနှင့် ယာဉ်အပိုပစ္စည်း ရောင်းချရေးလုပ်ငန်းများသည် ရန်ကုန်တိုင်းအတွက် နှစ်စဉ်ဘဏ္ဍာဝင်ငွေများစွာရရှိနေသော လုပ်ငန်းများဖြစ် ကြောင်းသိရ သည်။ Policy

Author