သင်္ကြန်ကာလ အဝေးပြေးယာဉ်မလုံလောက်တဲ့အတွက် YBS ကားများဖြင့် အစားထိုး ပြေးဆွဲပေးမည်

0

Full article

![](/redline/content/images/2017/04/htht-300x137.jpg)

သင်္ကြန်ကာလ နေရပ်ဒေသများကို ပြန်မည့်ခရီးသွားများအတွက် သွားလာမှူအဆင်ပြေစေရန် ဒဂုံဧရာ အဝေးပြေးကားများ အစီးရေ မလောက်ဌတဲ့အတွက် YBS ခရီးသည်တင်ကားများနဲ့ ထပ်တိုးပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲမှသိရပါတယ်။ ဧရာဝတီတိုင်းဘက်ကို ပြန်မယ့် ခရီးသည်တွေအဆင်ပြေအောင် အဝေးပြေးကားတွေအပြင် YBS ကားတွေနဲ့ပါ ပြေးဆွဲပါမယ်။ ယာဉ်စီးခကိုလည်း ယခင်ပေးနေတဲ့နှူန်းထားအတိုင်း ယူရမှာဖြစ်ပါတယ်။အများပြည်သူသယ်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဧရာဝတီတိုင်း ပုသိမ်၊ဓနှဖြူ ၊ ဟင်္သာတ မြို့နယ်များအားနေရပ်ပြန်မည့် ခရီးသည်များမှာ အဝေးပြေး ကားအစီးရေ မလုံလောက်မှူပြသနာများဖြစ်နေတက်ရာနှစ်စဉ် မြို့တွင်းခရီးသည်တင်ကားများမှ သွားရောက်ပြေးဆွဲနေရပြီး ဒဂုံဧရာ အဝေးပြေးကားစီးနင်းသူများ အဆင်မပြေမှူများဖြစ်နေတယ်လို့သိရပါတယ်။ ဒဂုံဧရာအဝေးပြေးဝန်းတွင် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ပြေးဆွဲပေးနေသည့် ယာဉ်လိုင်း ၁ဝ၇ လိုင်းရှိပြီး ယာဉ်အစီးရေ ၉၂၁ စီးဖြင့်ပြေးဆွဲပေးနေရာ အချိူ့ယာဉ်လိုင်းများရှိယာဉ်လုပ်သားများမှာ နေရပ်ပြန်နေခြင်း၊ သင်္ကြန်အတွင်းရပ်နားထားခြင်းများရှိနေ၍ ယာဉ်အစီးရေနှင့် စီးနင်းသည့် ခရီးသည်မလုံလောက်မှူမှာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိပါတယ်။

ခေတ်သစ်

Photo Credit

Author