သင်္ကြန်အတွင်း အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခနှုန်း ပိုမိုမကောက်ခံရန် သတိပေးထား

0

Full article

_ Photo Credit_

သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် အဝေးပြေးယာဉ်လိုင်းများအား ယာဉ်စီးခနှုန်းထားကို ပိုမိုကောက်ခံခြင်းမျိုး မပြုလုပ်ရန် သတိပေးထားကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရသည်။

"သင်္ကြန်မှာ ဇာတိပြန်မယ့် ဝန်ထမ်းတွေရှိသလို ခရီးသွားပြည်သူတွေအဆင်ပြေဖို့ ပုံမှန်ယာဉ်စီးခနှူန်းထားထက် ပိုမကောက်ဖို့ ယာဉ်လိုင်းတွေကိုသတိပေးထားပါတယ်။"လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နှစ်စဉ် သင်္ကြန်တွင်း အဝေးပြေးခရီးသည်တင်ယာဉ်များမှာ ရန်ကုန်မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲရာတွင် အသွားတစ်ကြောင်းသာ ပြေးဆွဲနေရပြီး ရန်ကုန်ဘက်သို့ ပြန်လည်ပြေးဆွဲရာတွင် ခရီးသည်စီးနင်းမှု နည်းပါးသည့်အတွက် ယာဉ်လိုင်းများပြေးဆွဲမှုနည်းပါးနေခဲ့ကြောင်းသိရသည်။

အဝေးပြေးခရီးသည်ယာဉ်လိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ပေါင်း ၆၈ဝ ကျော်ခန့်ရှိရာ ယာဉ်အစီးရေ ၇ဝဝဝ ကျော် နေ့စဉ်ပြေးဆွဲပေးနေလျှက်ရှိကြောင်းသိရသည်။

Regulation

Author