ကုန်တင်ယာဉ်ကြီးများကို ၂ဝ၁၇ ဒီဇင်ဘာလအတွင်း မှတ်ပုံတင်ရမည်

0

Full article

Photo Credit

 

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ကုန်တင်ယာဉ်ကြီးများကို ၂ဝ၁၇ ဒီဇင်ဘာလအတွင်း မှတ်ပုံတင်ပြုလုပ်ရမည် ဟု သတ်မှတ်ထားကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ကုန်တင်ယာဉ်ကြီးများအပေါ် သတ်မှတ်ထားသည့် တန်ချိန် အတိုင်း စနစ်တကျမောင်းနှင်နိုင်ရန် လုပ်ငန်းသုံးနှစ်တန်နှင့်အထက် ကုန်တင်ယာဉ်များနှင့် (က) လုပ်ငန်း လိုင်စင်ရယူထားသော ကုန်တင်ယာဉ်များအားလုံး မှတ်ပုံတင်ပြုလုပ်ရမည်ဟု သိရသည်။

"ကုန်တင်ယာဉ်တွေက စနစ်တကျ သွားလာဖို့အတွက် ဒီနှစ်အကုန်မှာ မှတ်ပုံတင် လုပ်ဆောင်ရမယ်။ ကုန်တန်ချိန် အတိအကျသွားလာ မောင်းနှင်ရမယ်။ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်မလုပ်ရင် အရေးယူဆောင်ရွက်သွားမယ်"ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်တင်ယာဉ်မှတ်ပုံတင်ပြုလုပ်မှုကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ကုန်တင်ယာဉ်ဌာနတည်ရှိရာ အမှတ် ၃၇၊ မြေညီထပ် ၂လမ်း၊ လမ်းမ တော်မြို့နယ်တွင် ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်မိတ္တူ၊ ယာဉ်ပိုင်ရှင်အမည်၊ နေရပ်လိပ်စာ တို့နှင့် အတူ ၂ဝ၁၇ ဒီဇင်ဘာလအတွင်း မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

သတ်မှတ်ထားသည့် ကာလအတွင်းပြုလုပ်ရမည်ဖြစ်ပြီး ဆောင်ရွက်ခြင်းမရှိသည့် ယာဉ်မောင်းကို ထိရောက် စွာအရေးယူသွားမှာ ဖြစ်သည်ဟု သိရသည်။

ခေတ်သစ်

Unicode Version







Author