ဆိပ်ကမ်းထားခပေးဆောင်စရာမလိုခြင်းကြောင့် နယ်စပ်မှတဆင့် ယန္တရားကားတင်သွင်းမှုများလာ

0

Full article

ဆိပ်ကမ်းတွင် ထားခမပေးဆောင်ရခြင်းကြောင့် CIF တန်ဖိုး မသတ်မှတ်ထားသည့် ယန္တရားကားများကို နယ်စပ်က တဆင့် တင်သွင်းမှုများ များပြားလာနေကြောင်းသိရသည်။

နယ်စပ်မှ ကားတင်သွင်းရာတွင် ဆိပ်ကမ်းထားခမရှိခြင်းနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီလျှင် ပြန်ပို့လို့ရခြင်းတို့ ကြောင့် ယန္တရားကားများကို နယ်စပ်ကသာ တင်သွင်းမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

"ဆိပ်ကမ်းက ကားသွင်းမယ်ဆိုရင် ဆိပ်ကမ်းထားခ အများကြီးပေးဆောင်ရတယ်။နယ်စပ်ကသွင်းမယ်ဆို ဆိပ်ကမ်းထားခ မရှိဘူး။ အကယ်၍ တင်သွင်းလာတဲ့ကားက ပြသနာ တစ်ခုတက်တာတို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတာတို့ဆိုရင် ပြန်မောင်းသွားလို့ရတယ်။ သေချာပြင်ပြီးမှ ယာဉ်စစ်လို့ရတဲ့အားသာချက်တွေ အများကြီးရှိလို့ နယ်စပ်ကပဲ အများဆုံးသွင်းကြတာများတာပါ။"ဟု နယ်စပ်က ကားတင်သွင်းနေသူများထံကနေသိရသည်။

နယ်စပ်ကတစ်ဆင့် ကားတင်သွင်းမှုမှာ၂ဝ၁၇ ခုနှစ် ကားတင်သွင်းခွင့် ပါမစ်သက်တမ်း ကုန်ဆုံးပါက ထိုင်းနိုင်ငံထုတ် (CO) Country Original ဖြစ်သော ကားများကိုပဲ တင်သွင်းရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ကာစတန်၏ တင်သွင်းခွင့်ပြု အထောက်အထား ပါရှိသော ကားများကိုသာ ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထိုင်းအကောက်ခွန်ကလည်း မြဝတီနယ်စပ်က ကားတင်သွင်းတာကို ယခင်ကဲ့သို့ ဂိုဒေါင်များတွင် ထားခွင့်မပေးတော့ဘဲ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်သို့ တိုက်ရိုက်တင်သွင်းရန် သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

M-01

Author