Full article

ပြည်လမ်းမကြီးပေါ်ရှိ ဟံသာဝတီအဝိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားစွာ ဖြစ်ပွားနေသည့်အတွက် အဝိုင်းပတ်စနစ်အစား မီးပွိုင့်စနစ် အသုံးပြုရန် သင့်မသင့် အချိန် ငါးလခန့်ယူ၍ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား) မှ သတင်းရရှိသည်။Circle

ယခင်ကတည်းက ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အဝိုင်းအနီးရှိ စိုက်ပျိုးရေး မှတ်တိုင်နှင့် အဝိုင်းမှတ်တိုင်တွင် ခရီးသည်တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည်စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်အသုံးပြုပြီး နောက်ပိုင်း ယာဉ်ကြော ကျပ်တည်းမှု ပိုမိုမြင့်မားလာရာ အဝိုင်းပတ်စနစ်ကို ဖြုတ်သိမ်းရန်နှင့် မီးပွိုင့်စနစ် အသုံးပြုရန် သင့်မသင့် စစ်တမ်းကောက်ယူ လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ လှည်းတန်းတံတား အဆင်းကလာတဲ့ ကားတွေရယ်၊ ဆူးလေ၊ မြေနီကုန်းဘက်ကလာတဲ့ ကားအစီးရေ များတာရယ်၊ ဘတ်စ်ကား တွေရဲ့ စည်းကမ်းမရှိမှုတွေရယ်ကြောင့် အဝိုင်းမှာ ယာဉ်ကြောကျပ်တာက ပိုဆိုးလာပါတယ်၊ ရှစ်မိုင်မှာတော့ ဆင်ဆာစနစ်သုံး မီးပွိုင့်ကြောင့် တော်တော် အဆင်ပြေ သွားပါတယ်၊ အဲဒါကြောင့် အဝိုင်းကိုလည်း ဒီလိုလုပ်ဖို့ စဉ်းစားမိတာ၊ အဆင်ပြေမပြေတော့ စစ်တမ်းကောက်ပြီး မှသိမယ်ဟု မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ဟံသာဝတီအဝိုင်းကို အဝိုင်းပတ်စနစ် ဖြုတ်သိမ်း၍ မီးပွိုင့်စနစ် တပ်ဆင်အသုံးပြုရန် စစ်တမ်းကောက်ယူမှုကို ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မီးပွိုင့်စနစ် အသုံးပြုမည်ဆိုပါက အသုံးပြုသွားမည့် မီးပွိုင့်ဒီဇိုင်း ရေးဆွဲခြင်းနှင့် မီးပွိုင့်၌ ဆင်ဆာစနစ် အသုံးပြုခြင်း သင့်မသင့်တို့ကို လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

Ref: Automobile

Author