အရှေ့တောင်အာရှတွင် ပထမဆုံး ဆိပ်ကမ်းထိန်းချုပ်ရေးစင်တာ ရန်ကုန်တွင် ဖွင့်လှစ်ထား

0

Full article

![width=300](/redline/content/images/2017/06/1111-300x169.jpg)

Photo Credit

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကို တားဆီးထိန်းသိမ်းရန်အတွက် အရှေ့တောင်အာရှအတွင်း၌ ပထမဦးဆုံးသော ဆိပ်ကမ်းထိန်းချုပ်ရေးစင်တာကို ရန်ကုန်ဆိပ်ကမ်းတွင် ဖွင့်လှစ်ထားကြောင်း အကောက်ခွန်ဦးစီးဌာနက ပြောပါတယ်။ ပြည်ပနိုင်ငံများက တင်ပို့နေသည့်ကွန်တိန်နာများကို ရေကြောင်းဖြင့် တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းများ မပြုလုပ်နိုင်ရန် နဲ့ ထိန်းချုပ်ဆောင်ရွက်ရန်အတွက် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ကွန်တိန်နာထိန်းချုပ်ရေးစင်တာ(PCU)ကို ရန်ကုန်ဆိပ်ကမ်းတွင် စတင်ဖွင့်လှစ်ထားတာဖြစ်ကြောင်း သိရသည်။ အဆိုပါဆိပ်ကမ်းထိန်းချုပ်ရေးစင်တာအား သြစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံတို့က အဓိကပံ့ပိုးပေးထားကြောင်း သိရသည်။ " တရားမဝင် ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ကွန်တိန်နာယာဉ်တွေကို ထိန်းချုပ်ဖို့ အရှ့တောင်အာရှမှာ ပထမဦးဆုံးဖွင့်လှစ်တဲ့ ဆိပ်ကမ်းထိန်းချုပ်ရေးစင်တာကို ရန်ကုန်ဆိပ်ကမ်းမှာ ဖွင့်လှစ်ထားပါတယ်။ " ဟု အကောက်ခွန်ဦးစီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကုန်စည်များဖြစ်သည့် ထိန်းချုပ်ဖွဲ့ပစ္စည်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၊ CITES နှင့်ပတ်သက်သော ပစ္စည်းများ၊ ဥာဏမူပိုင်ခွင့်နှင့် ပတ်သက်၍ ချိုးဖောက်ထားသော ကုန်ပစ္စည်းများ၊ ပေါက်ကွဲအား ဖြစ်စေတတ်သော လက်နက်ခဲယမ်းများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများနှင့် အဏုဇီဝပစ္စည်းများ၊ တရားမဝင်မှောင်ခိုကူးသန်းရောင်းဝယ်မှုများကို ကာကွယ်တားဆီးရန်အတွက် ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် ဆိပ်ကမ်းထိန်းချုပ်ရေးစင်တာမှ Container Terminal Port အားလုံး၏ အဝင်အထွက်ကို စနစ်တကျအသုံးချပြီး ကွန်တိန်နာ တင်သွင်း/တင်ပို့မှုကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ပြည်ပနိုင်ငံများက ပေးပို့လာသော သတင်းအချက်အလက်များပေါ် အခြေခံ၍ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author