H1N1 ရောဂါ ဘတ်စ်ကားနဲ့ မီးရထားပေါ်မှာကူးစက်မှု အများဆုံးဖြစ်

0

Full article

![](/redline/content/images/2017/08/121-300x169.jpg)

_ Photo Credit_

ရာသီတုပ်ကွေး H1N1 ရောဂါသည် အများပြည်သူ နေ့စဉ်သွားလာနေရတဲ့ ဘတ်စ်ကား နဲ့ မီးရထားများပေါ်မှာ ကူးစက်မှုအများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ပြောပါတယ်။ "အများပြည်သူတွေ နေ့စဉ် စီးနင်းသွားလာရတဲ့ ဘတ်စ်ကားတွေ မီးရထားတွေမှာ အများဆုံး ကူးစက်နိုင်တယ်။ ဘယ်လိုလုပ်မလဲ စဉ်းစားပေးပါ။ လူထူထပ်တဲနေရာတွေဆိုတော့ ရောဂါကူးစက်မှုလည်းတစ်အားမြန်တယ်။ ဒါကြောင့် အဖျားကြီးတဲ့သူတွေအနေနဲ့ ကားမစီး သင့်ဘူး။ အိမ်မှာပဲနေသင့်တယ်။ ကျောင်းတွေ ၊ရုံးတွေ ဂရုစိုက်ရမယ်။ အသိပညာပေးတာတွေလည်း များများလုပ်ရမယ် ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် ကပြောပါတယ်။

သြဂုတ်လ (၅) ရက်နေ့၊ (၁၄:ဝဝ) နာရီမှ သြဂုတ်လ (၆) ရက်နေ့၊ (၁၄:ဝဝ) နာရီအထိ သံသယလူနာ (၃၁) ဦးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁ဝ) ဦး တွေ့ရှိ ခဲ့ပါသည်။ ထို့ကြောင့် ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄းဝဝ)နာရီအထိ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူစုစုပေါင်းလူနာ (၃၈၇) ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၄၆)ဦး ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း (၁၅) ဦး တွေ့ရှိ ရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

ခေတ်သစ်

Author