Full article

ရန်ကုန်၊ သြဂုတ် ၈

ပြည်တွင်းရှိ ကားအရောင်းစင်တာများထဲ၌ Grade A အဆင့်သတ်မှတ်ချက် ရရှိသည့်ကားအရောင်းစင် တာများသာ မော်ဒယ်လ်မြင့်ကားများ တင်သွင်းရောင်းချခွင့်ရရှိမှာဖြစ်ကြောင်း သတင်းရရှိသည်။

8994568044_198e5ab5ff

ကားအရောင်းစင်တာများ အဆင့်သတ်မှတ်ရာတွင် ကားအရောင်းစင်တာများ၏ ရောင်းချရသည့်အစီး ရေပေါ်မူတည်၍ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနှင့် မော်တော်ယာဉ်ကြီးကြပ်ရေးရုံးအဖွဲ့က ကားအရောင်းစင် တာများ၏ အခြေအနေကို စစ်ဆေးကြည့်ရှုနေကြောင်း သိရှိရသည်။

ကားအရောင်းစင်တာများ ကားရောင်းချရာတွင် ကားတင်သွင်းခွင့်လျှောက်ရာမှ ငွေပြန်လွှဲအပ်ပြီးသည်အထိ အစီးရေမည်မျှရောင်းချရမှုအပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်ကြောင်းနှင့် ရောင်းချရာတွင် (၇၅) ရာခိုင်နှုန်းကျော်ရောင်းရသည့် အရောင်းစင်တာများကို Grade A သတ်မှတ်ပြီး (၂ဝဝ၈) မှ (၂ဝ၁၁) အထိ မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ရရှိမှာဖြစ်ကြောင်း သိရှိရ သည်။ ထို့အတွက် Grade A ရရှိ သည့် အရောင်းစင်တာတစ်ခုသည် မော်ဒယ်လ်မြင့်ကားအစီးရေ (၅ဝ) ကို တင်သွင်းခွင့်ရရှိမှာဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ အရောင်းပြခန်းတချို့သည် မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ရရှိရန် အရောင်းစင်တာ ရှိကားများကို အရစ်ကျစနစ်များဖြင့် ရောင်းချနေကြသည်။ ယခုအခါ ကားအရောင်းစင်တာများသည် (၁၉၉၇) မှ (၂ဝဝ၇) ခုနှစ် မော်ဒယ်လ်များကိုသာ တင်သွင်းခွင့်ရှိနေခြင်းကြောင့် အဆိုပါ မော်ဒယ်လ်မြင့်ကားများ တင်သွင်းခွင့်ကို စိတ်ဝင်စားနေကြကြောင်း သတင်းရရှိသည်။

Auto World Journal မှ ကူးယူဖော်ပြသည်။

Photo credit by Guilhem Vellut

Author