Grab မှ Uber ၏ အရှေ့တောင်အာရှတစ်ခုလုံးရှိ လုပ်ငန်းများအားလုံးကို အပြီးအပိုင်ဝယ်ယူ

0

Full article

Grabသည် Uber နှင့် အရှေ့တောင်အာရှတွင် လုပ်ငန်းများ ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဟု မတ် ၂၆ နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါညှိနှိုင်းမှုအရ Grab သည် Uber ၏ စာရိတ်မျှပေးသွားလာရေးဝန်ဆောင်မှုနှင့် အစား အသောက် ပေးပို့သည့် လုပ်ငန်းများကို ၎င်း၏ ဘက်ပေါင်းစုံသယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာ ရေးနည်းပညာ လုပ် ငန်းများအတွင်း ပေါင်းစပ်လုပ်ဆောင်သွားမည်ဟု သိရသည်။

Grab သည် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက် နမ်တို့ရှိ Uber ၏ လုပ်ငန်းများနှင့် အရင်းအမြစ်များကို ဝင်ရောက်လုပ်ကိုင်ခွင့်ရသွား မည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုကြောင့် Uber သည် Grab ရှယ်ယာ ၂၇.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး Uber CEO Dara Khosrowshahi သည် Grab ၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရ သည်။

"သန်းနှင့်ချီသော ဖောက်သည်များ နေ့စဉ်အသုံးပြုပြီး လူဦးရေ ၅ သန်းကျော်အတွက် ဝင်ငွေရရှိ နိုင်သော အခွင့်အလမ်းများဖန်တီးပေးတဲ့ ကုမ္ပဏီဟာ အရှေ့တောင်အာရှတွင် မွေးဖွာလာခဲ့တဲ့ အကြီးမား ဆုံးသော လုပ်ငန်းများအနက်မှ တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိ ပါတယ်။ ဒီနေ့ပူးပေါင်းဆောင်ရွက်မှုဟာ ခေတ်သစ်တစ်ခုရဲ့ အစပဲဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသတွင် ခေါင်းဆောင်မှုနှင့် စာရိတ်သက်သာမှုကို ဖြစ်ပေါ်စေမှာပါ။ Uber နဲ့အတူ ကျွန်တော်တို့ဟာ ဖောက်သည်များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ပိုမိုကောင်း မွန်နေတဲ့ အနေအထားကို ယခုရောက်ရှိနေပါပြီ။ သယ်ယူပို့ဆောင်ရေး အမှတ်တံဆိပ်အဖြစ် ကျွန်တော်တို့အပေါ် ဖောက် သည်များရဲ့ ယုံကြည်မှုဟာ အစားအသောက်၊ ငွေပေးချေမှုများနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများမှတဆင့် လူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ဆိုသည့် ကုမ္ပဏီရဲ့ နောက်အဆင့်များ လှမ်းတက်နိုင်ဖို့ တွန်းအား ဖြစ်လာ စေခဲ့ပါတယ်" ဟု Anthony Tan, Group CEO and Co-founder, Grab က ဆိုသည်။

Grab သည် အရှေ့တောင်အာရှတွင် လူသုံးအများဆုံးသော O2O မိုဘိုင်း လုပ်ငန်းများထဲက တစ်ခုဖြစ်ပြီး နေ့စဉ် လူဦးရေငါးသန်းကျော် သုံးစွဲလျက်ရှိကြောင်းသိရသည်။

Business

Author