အရှေ့တောင်အာရှ ထိပ်တန်း အဌားယာဉ် တက္ကစီ Grab မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်

0

Full article

.

အရှေ့တောင်အာရှ၏ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုတစ်ခုဖြစ်သော Grab က မြန်မာနိုင်ငံတွင် နည်းပညာ ရင်းနှီးမြုပ်နှံမှုအသစ်များ၊ Driver Care အစီအစဉ်၊ ပြည်တွင်း မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းခြင်း စသည်တို့ပါဝင်သည့် တိုးချဲ့လုပ်ကိုင်သွားမည့် ကဏ္ဍသစ်အကြောင်းကို ယနေ့ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့သော တိုးချဲ့လုပ်ကိုင်မှုများကြောင့် အသုံးပြုသူများအတွက် စိတ်ကျေနပ်မှု ပိုမိုရရှိစေနိုင်ပြီး ရန်ကုန်မြို့ရှိ သန်းပေါင်းများစွာသော နေထိုင်သူများအတွက် အငှားယာဉ်ဝန်ဆောင်မှု၏ အကျိုးကျေးဇူးများ ဆောင်ကျဉ်းပေးနိုင်တော့မည် ဖြစ်ပါသည်။ လေးလတာခရီးကို အောင်မြင်စွာ စမ်းသပ်ပြေးဆွဲပြီးနောက် Grab ၏ မိတ်ဖက်ယာဉ်မောင်းများ၏ လစဉ်ဝင်ငွေသည် ပုံမှန်ထက် ၃ဝ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ပြီး Grab နှင့် ပူးပေါင်း၍ ပြေးဆွဲနေကြသော ယာဉ်မောင်းအရေအတွက်မှာ ၅,ဝဝဝ ကျော်ခန့် ရှိနေပြီဖြစ်သည်။ CB Bank, Wave Money တို့နှင့်လည်း ပူးပေါင်းထားသည့်အတွက် ယခုအခါ Grab ယာဉ်မောင်းများအားလုံးအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများကို ခံစားခွင့် ရရှိနေကြပြီဖြစ်သည်။ ခရီးသည်များကလည်း ဈေးနှုန်းကြိုတင်သတ်မှတ်ထားသော လုံခြုံစိတ်ချရသည့် အရည်အသွေးမြင့် အငှားယာဉ်များအား စီးနင်းရခြင်းကို သဘောကျနှစ်ခြိုက်လျက်ရှိကြသည်။

"Grab ရဲ့ ဝန်ဆောင်မှုတွေကို ရန်ကုန်မြို့ဆီ ဆောင်ကျဉ်းပေးနိုင်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တကယ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ လွန်ခဲ့တဲ့ လေးလပတ်လုံး ကျွန်တော်တို့ကို ဒေသခံပြည်သူတွေက လက်ခံအားပေးခဲ့တဲ့အတွက်ရော၊ နောက်ပြီး အစိုးရဆီကနေလည်း ပံ့ပိုးကူညီမှုတွေ ရခဲ့တဲ့အတွက်ရော အားတက်မိပါတယ်။ တိုးတက်လာတဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ဝင်ငွေ၊ အငှားယာဉ်တွေရဲ့ စံနှုန်း၊ လွယ်ကူတဲ့ သယ်ယူပို့ဆောင်မှုစနစ် စတဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ စမ်းသပ်ပြေးဆွဲတဲ့ကာလမှာ ရခဲ့တဲ့ အကြံပေးချက်တွေကို စုစည်းပြီး အသုံးပြုသူတွေအတွက် ဘယ်လို ပိုပြီးအဆင်ပြေအောင်လုပ်ပေးနိုင်မလဲဆိုတာကိုလည်း အဖြေရှာခဲ့ကြပါတယ်" ဟု Grab ၏ Co-Founder ဖြစ်သူ Hooi Ling Tan က ဆိုသည်။

"အခု ရန်ကုန်မှာ Grab က အပြည့်အဝ ဝန်ဆောင်မှုပေးနေပြီဆိုတာကို ပြောကြားခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ သယ်ယူပို့ဆောင်ရေး အခြေခံအုတ်မြစ် အဆင့်မြှင့်တဲ့နေရာမှာ အစိုးရကို ကူညီနေသလို စမ်းသပ်ပြေးဆွဲတဲ့ကာလတုန်းက ရရှိခဲ့တဲ့ အကြံပေးချက်တွေကို စုစည်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်ယာဉ်မောင်းနဲ့ ခရီးသည်တွေအ

အရှေ့တောင်အာရှ၏ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုတစ်ခုဖြစ်သော Grab က မြန်မာနိုင်ငံတွင် နည်းပညာ ရင်းနှီးမြုပ်နှံမှုအသစ်များ၊ Driver Care အစီအစဉ်၊ ပြည်တွင်း မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းခြင်း စသည်တို့ပါဝင်သည့် တိုးချဲ့လုပ်ကိုင်သွားမည့် ကဏ္ဍသစ်အကြောင်းကို ယနေ့ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့သော တိုးချဲ့လုပ်ကိုင်မှုများကြောင့် အသုံးပြုသူများအတွက် စိတ်ကျေနပ်မှု ပိုမိုရရှိစေနိုင်ပြီး ရန်ကုန်မြို့ရှိ သန်းပေါင်းများစွာသော နေထိုင်သူများအတွက် အငှားယာဉ်ဝန်ဆောင်မှု၏ အကျိုးကျေးဇူးများ ဆောင်ကျဉ်းပေးနိုင်တော့မည် ဖြစ်ပါသည်။ လေးလတာခရီးကို အောင်မြင်စွာ စမ်းသပ်ပြေးဆွဲပြီးနောက် Grab ၏ မိတ်ဖက်ယာဉ်မောင်းများ၏ လစဉ်ဝင်ငွေသည် ပုံမှန်ထက် ၃ဝ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ပြီး Grab နှင့် ပူးပေါင်း၍ ပြေးဆွဲနေကြသော ယာဉ်မောင်းအရေအတွက်မှာ ၅,ဝဝဝ ကျော်ခန့် ရှိနေပြီဖြစ်သည်။ CB Bank, Wave Money တို့နှင့်လည်း ပူးပေါင်းထားသည့်အတွက် ယခုအခါ Grab ယာဉ်မောင်းများအားလုံးအနေဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများကို ခံစားခွင့် ရရှိနေကြပြီဖြစ်သည်။ ခရီးသည်များကလည်း ဈေးနှုန်းကြိုတင်သတ်မှတ်ထားသော လုံခြုံစိတ်ချရသည့် အရည်အသွေးမြင့် အငှားယာဉ်များအား စီးနင်းရခြင်းကို သဘောကျနှစ်ခြိုက်လျက်ရှိကြသည်။

"Grab ရဲ့ ဝန်ဆောင်မှုတွေကို ရန်ကုန်မြို့ဆီ ဆောင်ကျဉ်းပေးနိုင်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တကယ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ လွန်ခဲ့တဲ့ လေးလပတ်လုံး ကျွန်တော်တို့ကို ဒေသခံပြည်သူတွေက လက်ခံအားပေးခဲ့တဲ့အတွက်ရော၊ နောက်ပြီး အစိုးရဆီကနေလည်း ပံ့ပိုးကူညီမှုတွေ ရခဲ့တဲ့အတွက်ရော အားတက်မိပါတယ်။ တိုးတက်လာတဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ဝင်ငွေ၊ အငှားယာဉ်တွေရဲ့ စံနှုန်း၊ လွယ်ကူတဲ့ သယ်ယူပို့ဆောင်မှုစနစ် စတဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ စမ်းသပ်ပြေးဆွဲတဲ့ကာလမှာ ရခဲ့တဲ့ အကြံပေးချက်တွေကို စုစည်းပြီး အသုံးပြုသူတွေအတွက် ဘယ်လို ပိုပြီးအဆင်ပြေအောင်လုပ်ပေးနိုင်မလဲဆိုတာကိုလည်း အဖြေရှာခဲ့ကြပါတယ်" ဟု Grab ၏ Co-Founder ဖြစ်သူ Hooi Ling Tan က ဆိုသည်။

"အခု ရန်ကုန်မှာ Grab က အပြည့်အဝ ဝန်ဆောင်မှုပေးနေပြီဆိုတာကို ပြောကြားခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ သယ်ယူပို့ဆောင်ရေး အခြေခံအုတ်မြစ် အဆင့်မြှင့်တဲ့နေရာမှာ အစိုးရကို ကူညီနေသလို စမ်းသပ်ပြေးဆွဲတဲ့ကာလတုန်းက ရရှိခဲ့တဲ့ အကြံပေးချက်တွေကို စုစည်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်ယာဉ်မောင်းနဲ့ ခရီးသည်တွေ

တွက် ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ စိတ်ကျေနပ်မှုရရှိအောင် ဖော်ဆောင်သွားဖို့အတွက် ကျွန်တော်တို့ရဲ့ Grab က နောက်ထပ် ကဏ္ဍသစ်တစ်ခုအနေနဲ့ အလေးပေးဆောင်ရွက်သွားမှာပါ။ ဒါ့ကြောင့် Grab app ကို ပိုပြီးလွယ်လွယ်ကူကူ သုံးနိုင်ဖို့၊ ကျွန်တော်တို့ လုပ်ငန်းရဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ လူနေမှုဘဝတိုးတက်လာစေဖို့နဲ့ အရည်အချင်းပြည့်ဝလာစေဖို့၊ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ လုပ်ကိုင်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရေရှည်လုပ်ကိုင်သွားဖို့ ရင်းနှီးမြှုပ်နှံနေတာပါ" ဟု Tan က ထပ်လောင်းပြောဆိုခဲ့သည်။

မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် အမှန်တကယ် အကျိုးရှိသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် ရည်ရွယ်ပြီး Grab က features အသစ်များပါဝင်သည့် မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် app, Driver Care အစီအစဉ်သစ်တစ်ခုနှင့် 24/7 customer call center တစ်ခု ထားရှိမည့်အစီအစဉ် တို့ကို Grab က ထုတ်ဖော်ပြောကြားခဲ့သည်။ Grab သည် အရှေ့တောင်အာရှ၏ ထိပ်တန်းအငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသတွင်းရှိ လူဦးရေ သန်းပေါင်း ၆၂ဝ အတွက် အရေးကြီးလှသော နေ့စဉ်သယ်ယူ ပို့ဆောင်ရေး အခက်အခဲများကို Grab က ကူညီဖြေရှင်း ပေးလျက်ရှိပါသည်။ Grab ၏ အဓိက လုပ်ငန်းရည်မှန်းချက်များမှာ အငှားယာဉ်မောင်းများနှင့် ခရီးသည်များအတွက် သွားလာလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန် ဖြစ်သောကြောင့် ၄င်း၏ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် GrabPay ကဲ့သို့ မိုဘိုင်းငွေပေးချေစနစ်များဖြင့် အသုံးပြုရလွယ်ကူခြင်း၊ လုံခြုံစိတ်ချရခြင်းနှင့် ယုံကြည်အားထားနိုင်ခြင်း တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုအခါ Grab သည် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

ခေတ်သစ်

Author