Grab က ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် GrabTaxi ဂိတ်များထားရှိရန် ရွှေတောင်ဆောက် လုပ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်

0

Full article

ရန်ကုန်မြို့၏ အထင်ကရ ဈေးဝယ်စင်တာများသို့ လာရောက်ဈေးဝယ်သူများနှင့် မြို့တွင်းရှိ ရုံးအဆောက် အဦးကြီး များ၌ လုပ်ကိုင်နေသော ရုံးဝန်ထမ်းများ စိတ်အေးချမ်းသာစွာဖြင့် Grab တက္ကစီငှားရမ်းရာတွင် ပိုမို လွယ်ကူ အဆင်ပြေစေရန် Grab Taxi ဂိတ်များကို ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ 

အရှေ့တောင်အာရှ၏ ထိပ်တန်းသယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab က မြန်မာနိုင်ငံ၏ လက်လီစီးပွားရေးကဏ္ဍရှေ့ဆောင်တစ်ဦးဖြစ်သော ရွှေတောင်အိမ်ခြံမြေလုပ်ငန်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Junction Centre Group နှင့် ပူးပေါင်းကာ ရှော့ပင်းမောလ်များသို့ လာရောက် လည်ပတ်သူများ၊ ရုံးဝန်ထမ်းများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် Grab ဂိတ်များကို
Junction 8, Junction City, Junction Square, Junction Mawtin, Junction Zawana၊ Junction City Tower, Union Business Centre နှင့် Union Financial Centre တို့တွင် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဂိတ်များတွင် Grab ဝန်ထမ်းများက ဈေးဝယ်လာသူများနှင့် ရုံးဝန်ထမ်းများကိုယ်စား GrabTaxi ငှားရမ်းမှုများ ဆောင်ရွက်ပေးခြင်း၊ ခရီးသည်များကိုယ်တိုင် မိုဘိုင်းဖုန်းဖြင့် ငှားရမ်းမှုများကို ကူညီပေးခြင်းတို့ လုပ်ဆောင်ရန် အဆင်သင့်ရှိနေမည် ဖြစ်ကြောင်းသိရသည်။

"Grab က ရွှေတောင်ဆောက်လုပ်ရေးနဲ့ ပူးပေါင်းပြီး မိတ်ဖက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့် ရတဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုဆိုရင် Junction Centre Group ထဲမှာ ပါဝင်တဲ့ နာမည်ကျော် ရှော့ပင်းစင်တာတွေနဲ့ အပြင်ထွက်ရတာများတဲ့ ရုံးခန်းအဆောက်အဦးတွေမှာ Grab ဂိတ်တွေ ရှိနေပါပြီ။ အခုလို ရန်ကုန်မြို့မှာ စတင်လိုက်တဲ့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်မှုနဲ့တင် ဈေးဝယ်သူတွေနဲ့ ရုံးဝန်ထမ်းတွေ အငှားယာဉ် ငှားရမ်းနိုင်အောင် ကူညီပေးနိုင်တဲ့ ဂိတ်တွေအများကြီးကို ထားရှိပေးနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် လွယ်ကူသက်သာပြီး ကြိုတင်သိရှိနိုင်တဲ့ ဈေးနှုန်းနဲ့ လုံခြုံစိတ်ချရတဲ့ သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အချိန်တော်တော်များများမှာ လူတွေက ရှော့ပင်း စင်တာအပြင်ဘက် လမ်းမကြီးတွေပေါ်အထိထွက်ပြီး တက္ကစီငှားကြရပါတယ်။ ငှားလို့ရ၊ မရ မသေချာသလို စိတ်ရှုပ် စရာလည်း ကောင်းပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို ကိုယ်သွားချင်တဲ့နေရာဆီ သွားနိုင်ဖို့အတွက် ရန်ကုန်မြို့ရဲ့ အကြီးဆုံး အငှားယာဉ်ကွန်ယက်နဲ့ အလွယ်တကူချိတ်ဆက်ပြီး ကူညီငှားရမ်းပေးသွားမယ့် ကျွန်တော်တို့ ဂိတ်တွေရှိရာကို လာရောက်လေ့လာကြဖို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ" ဟု Grab Myanmar ၏ Country Manager ဖြစ်သူ Mr Amrt Sagar က ပြောကြားသည်။
B-01

Author