GRAB Taxi ဝန်ဆောင်မှုမှ ပိုမိုကောင်းမွန်သည့် Application လုပ်ဆောင်ချက်အသစ်တစ်ခုကို ထပ်မံမိတ်ဆက်

0

Full article

အရှေ့တောင်အာရှ၏ ထိပ်တန်းအဌားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အငှားတက္ကစီ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေသော GRAB မှ ခရီးသည်နှင့် ယာဉ်မောင်းတို့အကြား တိကျသောဆုံမှတ်ပြပေးနိုင်သည့် Application Entrances အမည်ရှိ လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ကြောင်း မေ ၈ ရက်က သိရသည်။

"ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး အငှားယာဉ်ဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်လိုပါတယ်။ ခရီးသည်တွေကို သူတို့ရွေးချယ်ထားတဲ့ နေရာတွေမှာ အကြိုအပို့ လုပ်ပေး နိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့မှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ခရီးသည်တွေကို အကြိုအပို့ လုပ်တဲ့ နေရာမှာ တည်နေရာမှန်ကန်တိကျမှုကို ပိုပြီးလျင်လျင်မြန်မြန်နဲ့ ရရှိလာပါပြီ။ အခုဆိုရင် ခရီးသည်တွေအနေနဲ့ ကိုယ်စောင့်နေတဲ့ လေဆိပ်ထွက်ပေါက်မှာဖြစ်စေ၊ စက်မှုဇုန်ကြီးတစ်ခုရဲ့နေရာ တစ်နေရာမှာဖြစ်စေ၊ ဈေးဝယ် စင်တာ ရဲ့ တစ်နေရာရာမှာဖြစ်စေ ဆုံမှတ်နေရာအတိအကျမှာ လာကြိုနိုင်တော့မှာဖြစ်လို့ သက်သောင့်သက်သာနဲ့ လွယ် လွယ်ကူကူ စီးနင်းနိုင်ပါပြီ" ဟု GRAB ၏ မြေပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့၊ ဒေသတွင်းအကြီးအကဲဖြစ်သူ Ajay Bulusu က မေ ၈ ရက်က ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် Entrances ဝန်ဆောင်မှုကို ရွှေတိဂုံဘုရား၊ Junction square Junction City နှင့် MICT Park တို့ကဲ့သို့ ဝင်ပေါက်များနှင့် လူသွားလူလာများသည့် နေရာအများစုတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး မကြာမီတွင် ပိုမိုစုံလင်သော တည်နေရာများကို ထပ်မံထည့်သွင်းနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Grab မှ မြန်မာနိုင်ငံတွင် တက္ကစီ အစီးရေ ၅ဝဝဝ ကျော် ပြေးဆွဲနေရာ အဌားယာဉ် စီးနင်းသည့် ခရီးသည်များ ထံမှ မေးမြန်း စုံစမ်းချက်များ ၊ အကြံပေးချက်များကို လက်ခံဖြေကြားပေးနိုင်ရန် Grab မှ ဝန်ထမ်းပေါင်း ၃ဝ ကျော်ဖြင့် တာဝန်ယူဖြေကြားပေးနေပြီး အရှေ့တောင်အာရှ ဒေသအတွင်း နိုင်ငံပေါင်း ၇ နိုင်ငံ တွင် လူဦးရေ သန်း ၆၂ဝ အတွက် နေ့စဉ်သယ်ယူပို့ဆောင်ရေး အခက်အခဲများကို အဌားယာဉ်တက္ကစီ Grab မှ တာဝန်ယူဖြေရှင်းပေးနေလျှက်ရှိကြောင်း သိရသည်။

Business

Author