Grab မှ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအသစ်ဖြစ်သည့် Premium Rental(Beta) ကိုရန်ကုန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့

0

Full article

Grab မှ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအသစ်ဖြစ်သည့် Premium Rental(Beta) ကိုရန်ကုန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

Grab မှရန်ကုန်မြို့တွင်းအပါအဝင်၊ ရန်ကုန်မြို့ပြင်ခရီးများကိုပါ လူအများနှင့်သွားလာနိုင်သည့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်သည့် Premium Rentals (Beta) ကိုဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါဝန်ဆောင်မှုတွင် လူ(၇)ယောက်စီး Toyota Alphard ဗင်ကားများအား ခရီးသည်များသွားလိုသည့် အစီအစဉ်အတိုင်း နာရီအလိုက်ဖြစ်စေ၊ တစ်နေ့တာလုံးဖြစ်စေ ကျွမ်းကျင်ယာဉ်မောင်းနှင့်အတူ လိုအပ်သလို ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။

နာရီအလိုက် Packages များ၊ မြို့ပြင်ခရီးများအပြင် ၁ ရက်၊ ၂ရက်၊ ၃ ရက် စသည့် ခရီးတိုများအတွက်လည်းပုံသေဈေးနှုန်းဖြင့်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အဆိုပါပုံသေဈေးနှုန်းတွင် အများဆုံးခရီးသည် (၇)ဦးအတွက် ဆီဖိုး၊ ယာဉ်မောင်းစရိတ်နှင့် တစ်ကိုယ်ရေထိခိုက်မှုအာမခံတို့ပါ ပါရှိပြီးဖြစ်ကြောင်းသိရသည်။ Grab Premium Rental(Beta) မှ ၁နာရီစာ၊ ၁ နာရီစာ၊ ၄ နာရီစာ စသဖြင့် နာရီအပိုင်းအခြားလိုက်အပြင် ပဲခူး၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ စသည့်မြို့များသို့လည်း သွားရောက်နိုင်မည်ဖြစ်ပြီး တစ်ရက်(နေ့ချင်းပြန်)၊ နှစ်ရက်( တစ်ညအိပ်(နှစ်ရက်ခရီး)၊ သုံးရက် (နှစ်ညအိပ် သုံးရက်ခရီး) များလည်း ငှားရမ်းသွားရောက်နိုင်မည်ဖြစ်သည်။

Grab သည်ဒေသအတွင်းအငှားယာဉ်ဝန်ဆောင်မှုကို ၂၀၁၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ခရီးစဉ်ပေါင်း (၄) ဘီလီယံကျော် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Author