Grab မှ မြန်မာနိုင်ငံတွင် ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရင်းနှီးမြုပ်နှံမည်

0

Full article

အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab က မြန်မာနိုင်ငံတွင်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများကို ပိုမိုချဲ့ထွင်နိုင်ရန် လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁ဝဝ သုံးစွဲသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါသည်။ Grab အနေဖြင့် မြန်မာနိုင်ငံအနှံရှိ မြို့ကြီးများတွင် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်း၊ GrabPay အပါအဝင် Grab suite မှတဆင့် အခြား ဝန်ဆောင်မှုစနစ်များ အသုံးပြုနိုင်ရန်စီစဉ်ခြင်း၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဒေသတွင်းရှိ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းပေါင်း ၂ဝဝ ခန့် ပါဝင်သော အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း စသည့် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသွားရန် ရည်ရွယ်ထားပါသည်။မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် မတ်လမှစတင်ပြေးဆွဲခဲ့ရာ ယခုအခါ Grab သည် ထိပ်ဆုံးတွင် ရပ်တည်လျှက်ရှိသော အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းနှင့် ရန်ကုန်မြို့တွင်း အသုံးအများဆုံးသော သယ်ယူပို့ဆောင်ရေးစနစ်တွင် တစ်ခုအပါအဝင်ဖြစ်လာကြောင်း အောက်ပါ ကြီးမားသည့်ရလဒ်များဖြင့် သိရှိနိုင်ပါသည်။

Grab အနေဖြင့် လာမည့်လပိုင်းအတွင်း ရန်ကုန်မြို့တွင်း ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်လည်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ ပြေးဆွဲနိုင်ရန် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ယာဉ်မောင်းနှင့် ခရီးသည်များ Grab အသုံးပြုနေချိန်တစ်လျောက်လုံး ထိရောက်သော အကူအညီရရှိစေရန်နှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန် ၄င်းတို့၏ 24/7 call center ဝန်ဆောင်မှုများကိုလည်း တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ပါသည်။ထို့အပြင် Grab မှ လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍအတွက် အခွင့်အလမ်းသစ်များကိုလည်း ရှာဖွေသွားမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် စတင်ပြေးဆွဲသည့်အချိန်မှစ၍ လုပ်ငန်းအသီးသီးထံမှ စိတ်ဝင်စားမှုရရှိခဲ့သောကြောင့် Grab မှ မကြာသေးမီကပင် ကုမ္ပဏီလုပ်ငန်းများ ဆက်သွယ်သွားလာနိုင်ရန်အတွက် Grab for Work ဝန်ဆောင်မှုကို စတင်လျက်ရှိနေပြီဖြစ်သည်။ Grab for Work ကို လုပ်ငန်းပေါင်း ၈ဝဝဝ ကျော်မှ ၄င်းတို့၏ ဝန်ထမ်းများအတွက် မြို့တွင်းနှင့် ဒေသအတွင်း သယ်ယူပို့ဆောင်ရေးစရိတ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အခက်အခဲမရှိ စီမံခန့်ခွဲနိုင်ရန် အသုံးပြုနေကြပြီဖြစ်ပါသည်။Grab သည် မြန်မာနို်င်ငံသားများ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများဖြင့် ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် နိုင်ငံတစ်ဝန်း မိုဘိုင်းငွေပေးချေမှု အလေ့အထ ပျံ့နှံ့လာစေရန် လအနည်းငယ်ကတည်းကပင် ခရီးသွားပြည်သူများအတွက် Grab app ထဲတွင် ငွေသားကိုင်ဆောင်ရန်မလိုဘဲ ငွေပေးချေနိုင်သည့်စနစ် ထည့်သွင်းပေးထားပြီး GrabPay စနစ်ကို အကောင်အထည်ဖော်ရန်စီစဉ်ထားပါသည်။ Grab ၏ မိတ်ဖက်ယာဉ်မောင်းများမှာ GrabPay အသုံးပြု၍ ငွေသားမလိုသော ငွေပေးချေမှုပုံစံကို ကမ္ဘာလှည့် ခရီးသွားများဖြင့် စတင်ပြီး သုံးစွဲလာကြပြီဖြစ်ပါသည်။

"ရန်ကုန်မှာ Grab ဟာ မယုံကြည်နိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်တဲ့ ဈေးကွက်ကနေရတဲ့ ကြီးမားပြီးလျှင်မြန်လှတဲ့ အခွင့်အရေးကိုပြသနေတာပါ။ ကျွန်တော်တို့ ကတိပေးနိုင်တာကတော့ Grab နဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ နှစ်ဘက်လုံးအတွက် အကျိုးရှိပြီး လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ဝန်ဆောင်မှုအသစ်တွေ၊ ဒေသနဲ့ကိုက်ညီမှုရှိတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ဈေးကွက်အတွက် စတင်နေပြီဖြစ်တဲ့ လုပ်ငန်းစဉ်တွေထဲကတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒီကတိကို ဆက်လက်တိုးချဲ့ လုပ်ကိုင်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။" ဟု Grab ၏ co-founder နှင့် CEO ဖြစ်သူ Anthony Tan ကပြောသည်။

Grab သည် မိတ်ဖက်ယာဉ်မောင်းများဖြင့် အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဝေစု ၉၅% နှင့် ကိုယ်ပိုင်ယာဉ်များဖြင့် အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဝေစု ၇၂% ရရှိထားပြီး အရှေ့တောင်အာရှ၏ နံပါတ် ၁ ထိပ်တန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့ဈေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် TNS မှ ထုတ်ပြန်ချက်အရ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများတွင် အသုံးပြုလျက်ရှိသော အငှားယာဉ်ဝန်ဆောင်မှုနှင့် တက္ကစီဝန်ဆောင်မှု အက်ပလီကေးရှင်းများအတွင်း Grab ကို အများဆုံးအသုံးပြုကြကြောင်း တွေ့ရှိရပါသည်။
ယခုအခါ Grab သည် အရှေ့တောင်အာရှ ဈေးကွက်များတွင် အက်ပလီကေးရှင်း ဒေါင်းလုဒ်ဆွဲသူပေါင်း ၅၅ သန်းကျော်၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ပေါင်း ၈၇ မြို့တွင် မိတ်ဖက်ယာဉ်မောင်းပေါင်း ၁.၂ သန်းကျော်ဖြင့် အကြီးမားဆုံး အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

ခေတ်သစ်

Unicode Version





Author