အရှေ့တောင်အာရှတွင် ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Grab နှင့် Samsung တို့ MOU လက်မှတ်ရေးထိုး

0

Full article

အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သော Grab နှင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Samsung Electronics တို့ ပူးပေါင်း၍ အရှေ့တောင်အာရှတစ်လွှား ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ရှည် သဘောတူညီမှုစာချုပ် MOU တစ်ခုကို ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဖေဖော် ဝါရီ ၈ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများရှိ Grab မိတ်ဖက်ယာဉ်မောင်းများနှင့် သန်းပေါင်းများစွာသော မိုဘိုင်းဖုန်း သုံးစွဲသူ များအတွက် ပိုမို လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်နှင့် ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းများ တိုးပွားလာ စေရန် စသည့် နည်းပညာ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ကြစေရန် Grab နှင့် Samsung တို့ အတူတကွ ပူးပေါင်း၍ ကနဦး လုပ်ငန်းများစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

Grab ၏ Group CEO နှင့် Co-founder ဖြစ်သူ Anthony Tan က "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဈေးကွက်တွေ ထွက်ပေါ်တဲ့ အဓိက မိခင်မြေဟာ အရှေ့တောင်အာရှပါပဲ။ ဒါပေမယ့်လည်း မြို့ရွာလေးတွေ တော်တော်များများက အခုထိ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မှာ အလွယ်တကူ မပါဝင်နိုင်ကြသေးပါဘူး။ မိုဘိုင်းနည်းပညာက ဒီလို အခြေခံလိုအပ်ချက် ကွာခြားမှုတွေကို ပေါင်းကူးပေးနိုင်ပြီး စီးပွားရေးအရလည်း ပိုပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ကူပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ Samsung က ကမ္ဘာ့ တီထွင်ဆန်းသစ်မှု အရှိဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုလို သူတို့နဲ့ ပူးပေါင်းပြီး Grab ကွန်ယက်ကြီးထဲက လူတိုင်းကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်ဖို့နဲ့ အရှေ့တောင်အာရှက လူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝတွေမှာ ပိုပြီး အဆင်ပြေ ချော့မွေ့လာစေဖို့ လုပ်ဆောင်ပေးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်" ဟု ဆိုသည်။

အရှေ့တောင်အာရှနှင့် အိုးရှန်းနီးယားရှိ Samsung Electronics ၏ President နှင့် CEO ဖြစ်သူ Sangchul Lee က "ကျွန်တော်တို့ Samsung ဆိုတာ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ ပိုမိုအဆင်ပြေ ကောင်းမွန်လာအောင် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆန်းသစ်တီထွင်မှုတွေ တိုးမြှင့်လုပ်ကိုင်သွားဖို့ အမြဲ ရင်ထဲမှာထည့်ထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ပြီးတော့ အင်တာနက်နဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက ဒစ်ဂျစ်တယ်သဘောအရ တစ်ခုတည်းအဖြစ် ချိတ်ဆက်သွားပြီး အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်။ Grab နဲ့ ပူးပေါင်းပြီး သူတို့လုပ်ကိုင်နေတဲ့ ဒေသတွင်းက သုံးစွဲသူတွေအတွက် နေ့စဉ် လိုအပ်နေတဲ့ ဒစ်ဂျစ်တယ် နည်းပညာ အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးနိုင်တော့မှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်း အရမ်းကို များတဲ့ အရှေ့တောင်အာရှ ဒစ်ဂျစ်တယ် စီးပွားရေးနယ်ပယ်မှာ ကျွန်တော်တို့ ဘယ်လို အတူတကွ လုပ်ဆောင်နိုင်မယ်ဆိုတာကို လေ့လာစူးစမ်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

Grab လုပ်ကိုင်နေသော အရှေ့တောင်အာရှ နိုင်ငံအားလုံးတွင် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တစ်ဆင့် ပြီးတစ်ဆင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် Grab နှင့် Samsung မှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Grab သည် မြန်မာနိုင်ငံသို့ ၂ဝ၁၆ မတ်လတွင် ဝင်ရောက်လာပြီး Taxi လုပ်ငန်းကို တွင်တွယ်ကျယ်ကျယ်လုပ် ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ဖြစ်သည်။
B-01

Author