ရန်ကုန်တိုင်းအတွင်း ၁၁ လအတွင်း လိုင်စင်မဲ့ကားအစီးရေ ၁၂ဝ ကျော် ဖမ်းဆီးရမိခဲ့ လိုင်စင်မဲ့ကားအများဆုံးမှာအိမ်စီးကားအများဆုံးဖြစ်နေ

0

Full article

ရန်ကုန်တိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလ အထိ လိုင်စင်မဲ့ကားအစီးရေ ၁၂ဝ စီးကျော် စစ်ဆေးဖမ်းဆီးရမိခဲ့ရာ ဖမ်းဆီးရမိသော လိုင်စင်မဲ့ကားအများစုမှာ မော်ဒယ်မြင့် အိမ်စီးကားအများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် လမ်းမများပေါ်တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်များကို လိုင်စင်မဲ့ကားဟုတ်၊မဟုတ် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့်သတ်မှတ်ယာဉ်နံပါတ်ပြားမဟုတ်သည့် ကားများကို အဖွဲ့ ၃ဝ ဖွဲ့စည်း၍ တရက်လျှင် ၁ဝ ဖွဲ့နှုန်းဖြင့် ထိရောက်စွာဖမ်းဆီးစစ်ဆေးနေရာ နိုဝင်ဘာလ အထိ လိုင်စင်မဲ့ကား အစီးရေ ၁၂၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးစစ်ဆေးနေတာလုပ်နေတယ်။ ဒီနှစ်ထဲမှာ ၁၁ လအတွင်းလိုင်စင်မဲ့ကား ၁၂၃ စီးအထိ ဖမ်းဆီးရရှိထားတယ်။လိုင်စင်မဲ့ကားအများဆုံးဖမ်းဆီးရမိတာက အိမ်စီးကားတွေများတယ်။ မြို့အစွန်နေရာတွေမှာအများဆုံးတွေ့နေရတယ်။ကညနကသတ်မှတ်နံပါတ်ပြားမတပ်ဘဲ မောင်းနှင်တဲ့ကားက ၁ဝ စီးလောက်ရှိတယ်။သတ်မှတ်နံပြားမတပ်ထားရင်လည်း ဖမ်းဆီးပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း လမ်းမများပေါ်တွင် သွားလာနေသော လိုင်စင်မဲ့ကား စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို အဖွဲ့ပေါင်းစုံဖြင့်စစ်ဆေးမှုများလုပ်ဆောင်နေရာ နေအိမ် ခြံဝန်းများအတွင်း ရှိနေသော လိုင်စင်မဲ့ကားများကို ဝင်ရောက်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Law Enforcement

Author