လာမည့်နှစ် ၂ဝ၁၉ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရာတွင် လက်ရှိမိုဒယ်သတ်မှတ်ချက် (၂ဝ၁၄ မှ ၂ဝ၁၈) ထက် တစ်နှစ်ခုန်၍ (၂ဝ၁၄ မှ ၂ဝ၁၉ ) ညာမောင်းကားများတင်သွင်းခွင့် ပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါသည်။
လာမည့်နှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်မိုဒယ်သတ်မှတ်ချက်များကို ဒီဇင်ဘာလ တွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ကြီးကြပ်ရေး ကော်မတီအစည်းအဝေး တွင် အတည်ပြုကြေငြာချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" လာမယ့်နှစ် ကားတင်သွင်းခွင့်ကို ထုတ်ပြန်ပေးမှာပါ။ ညာမောင်းကားတွေကတော့ တင်သွင်းခွင့်မရပါဘူး။ အရင်နှစ်တွေလိုပဲ မိုဒယ်က တစ်နှစ်ခုန် သွားဖို့များပါတယ်။"လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခု ၂ဝ၁၈ ခုနှစ်ကစပြီး ပြည်ပက မော်တော်ယာဉ်တင်သွင်းခြင်းပြုရာတွင် ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစီအစဉ်ဖြင့် ယာဉ်သစ်အစားထိုး တင်သွင်းခြင်းကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်အထိ ဘယ်မောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ဖြင့် ကားတင်သွင်းခြင်းကို ၂ဝ၁၆ မိုဒယ်မှ ၂ဝ၁၈ မိုဒယ် အထိ ဘယ်မောင်း၊ ကုန်တင်ယာဉ်များကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်အတွင်း( ဘယ်မောင်း ခရီးသည်တင်ယာဉ်များတင်သွင်းရာတွင် Express ကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈မိုဒယ်အထိ (ဘယ်မောင်း)၊ခရီးသည်တင် မြို့တွင်းပြေးဆွဲယာဉ်များကို ၂ဝဝ၇ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ (ဘယ်မောင်း)ကားများကို တင်သွင်းခွင့် ပြုထားလျှက်ရှိကြောင်းသိရပါသည်။
Regulation