ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့်ကျပါက အာမခံလုပ်ငန်းအမျိုးအစားအားလုံးကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေး သွားမည်

0

Full article

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့်ကျလျှင် အာမခံလုပ်ငန်းအမျိုးအစားအားလုံးကို ပုဂ္ဂလိကအားလုပ်ကိုင်ခွင့်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက သိရပါသည်။

"အစိုးရအဖွဲ့ကိုတင်ပြထားတာရှိတယ်။အစိုးရအဖွဲ့က ပြန်ကျလာရင် IBRB က ကြေငြာပေးမှာပါ။ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေကို အခုလည်းခွင့်ပြုပေးထားတာရှိပါတယ်"ဟု မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် ၂ဝ၁၃ ခုနှစ်မှစ၍ လုပ်ကိုင်ခွင့်ပြုနေပြီး အာမခံအမျိုးအစား ၉မျိုးဖြစ် သော အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ၊ အဝေးပြေးလမ်းမကြီးဆိုင်ရာ အထူးခရီးသွားအာမခံနှင့် ကျန်းမာ ရေးအာမခံတို့ကို လုပ်ကိုင်ခွင့်ပြုပေး ထားပြီးဖြစ်ကြောင်းသိရသည်။

P-01

Author