ဝန်ကြီးဌာနမှ လုပ်ကိုင်သော အာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးသွားမည် ပြည်ထောင်စုဝန်ကြီးပြော

0

Full article

![width=300](/redline/content/images/2017/04/insurance-2-300x199.jpg)

ဝန်ကြီးဌာနများတွင် လုပ်ကိုင်နေသောအာမခံလုပ်ငန်းများကိုပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကပြောကြားခဲ့ပါတယ်။ အာမခံလုပ်ငန်းအားလုံးကိုခွင့်ပြုပေးပါ့မယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အားလုံးမည်သည့်အာမခံလုပ်ငန်းမဆိုလုပ်ခွင့်ရှိပါတယ်။ တစ်ချိူ့အာမခံလုပ်ငန်းတွေကို လာလုပ်ဖို့တင်ပြထားတာတွေလည်းရှိပါတယ်။ လို့ ပြောကြားထားပါတယ်။ မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိကအား အာမခံအမျိုးအစား ၉မျိုးဖြစ်သည့် အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ အဝေးပြေးလမ်းမကြီးဆိုင်ရာ အထူးခရီးသွားအာမခံလုပ်ငန်း၊ ကျန်းမာ ရေးအာမခံတို့ကို လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author