မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ပြုပြင်ထားရှိသော ယဉ်များကို မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ပေးမည်မဟုတ်

0

Full article

မော်တော်ယာဉ်တစ်စီး၏ ထုတ်လုပ်ထားသောခုနှစ်၊ ယာဉ်ပုံစံရုပ်ပြောင်းလဲခြင်းနှင့် မော်တော်ယာဉ်သယ်ဆောင်နိုင်သည့်တင်အားများအား မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ပြုပြင်ထားရှိပါက ယာဉ်မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။" ကားတစ်စီးကို တင်သွင်းလာတာ မိုဒယ်ထုတ်လုပ်တဲ့ခုနှစ် ကို ပြောင်းပီး ရုပ်ပြောင်းထားတာကို ယာဉ်မှတ်ပုံတင်မလုပ်ပေးတော့ပါဘူး။ အရင်က ဒဏ်ကြေးနဲ့ပေးထားတာရှိတယ်။ road safety မဖြစ်တဲ့အတွက် မူလစက်ရုံထုတ် ပုံစံကိုပဲ ကနဦးမှတ်ပုံတင်လုပ်ပေးမှာပါ။ကုန်တင်ကားတွေလည်း သတ်မှတ်ထားတဲ့တန်ကို ချိန်းပြီး လုပ်ထားတာတွေ မရပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောပြသည်။

ပြည်ပနိုင်ငံမှ တင်သွင်းလာသော မော်တော်ယာဉ်များကို မူလစက်ရုံထုတ်ပုံစံနှင့်ကိုက်ညီမှသာလျှင် ကနဦးယာဉ်မှတ်ပုံတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ရာ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ ပြုပြင်ထားသော ရုပ်ပြောင်းကားများကို မှတ်ပုံတင်လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း သိရပါသည်။

Market

Author