ရန်ကုန်လိုင်စင် လက်မှတ် သိန်း၉ဝ ဖြင့်ရောင်းချရန်တင်ပြထားသော်လည်း ရန်ကုန်တွင် နယ်လိုင်စင်ကားများသွားလာမှု ထိန်းချူပ်ရန် တင်ပြထားခြင်းမရှိသေး

0

Full article

ရန်ကုန်လိုင်စင် လက်မှတ် သိန်း၉ဝ ဖြင့်ရောင်းချခွင့်ပြုရန်တင်ပြထားသော်လည်း ရန်ကုန်တွင် နယ်လိုင်စင်ကားများသွားလာမှု ထိန်းချူပ်ရန် တင်ပြထားခြင်းမရှိသေးကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီက သိရသည်။

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လက်မှတ်စနစ်အား လာမယ့်နှစ်စတွင် ပြန်လည်ခွင့်ပြုနိုင်ရန် မော်တော်ယာဉ်တင်သွင်းမှုလုပ်ငန်းစဉ်နှင့်ဆက်စပ်နေသော ဝန်ကြီးဌာနများထံ သဘောထားမှတ်ချက်တောင်းခံထားရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

" ရန်ကုန်လိုင်စင်ပြန်ခွင့်ပြုဖို့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေဆီကို သဘောထားမှတ်ချက် တောင်းခံထားတယ်။ ပြီးရင်အစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းတာတွေလုပ်သွားမယ်။ရန်ကုန်မှာသွားနေတဲ့ နယ်လိုင်စင်ကားတွေကိုတော့ ဘယ်လိုလုပ်မယ်ဆိုတာ တင်ပြထားတာမရှိသေးပါဘူး။ "ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ဝင်ရောက်လာသောကားများကိုစစ်ဆေးနိုင်ရန် မြို့ဝင်တိုးဂိတ် ၁၁ ခုဆောက်လုပ်နေရာ နယ်လိုင်စင် ကားတစ်စီးကို ကျပ် ၅ဝဝဝ ကျပ်အခွန်တိုးကောက်မည်ဆိုသော သတင်းများမှာ မဟုတ်ဘဲ နယ်လိုင်စင်ကားများအခွန်တိုးကောက်ရန် ယခုထိ ဆွေးနွေးထားမှု မရှိသေးကြောင်း သိရသည်။

Regulation

Author