Full article

မြန်မာနိုင်ငံက ပြည်ပမှ ဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များမှ အခွန်ငွေ ကျပ်သန်းပေါင်း ခုနှစ်သန်းကျော်ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း သိရသည်။

auto-yangon-Reuters_0

မော်တော်ယာဉ်များကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ငွေကောက်ခံခဲ့ပြီး ၂ဝ၁၄ ဇန်နဝါရီလ အထိကျပ်သန်းပေါင်း ၇၃၈၁၁၇ ဒသမ ၃၉ သန်း ကောက်ခံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သောသတင်းများအရ သိရသည်။ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံကာ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လဲလှယ်ရေးစီမံချက်အတွက် ၈၂၆၂၅ စီး၊ ကားအရောင်းပြခန်းများ အတွက် ၅၈၅၃၂ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်ခရီးသွားဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁ဝ၈ စီး၊ လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများဖြင့် ၁၁၁၃၁၁ စီး တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Ref : Myanmar Business Today

Author