Consigniments ကပ်ရမည့် ညာမောင်းကားများ သတ်မှတ်ဈေးနှုန်းဖြင့် ရန်ကုန်လိုင်စင် YVQC လက်မှတ်ရောင်းချပေးရန်ရှိ

0

Full article

ကားအေရာင္စင္တာမာ်းမွ အပ်ကုန်စနစ်ဖြင့်တင်သွင်းထေားသာ consigniments ကပ်ရမည့် ညောမာင်းကားများကို စလစ်ကပ်ရန်မလိုဘဲ သတ်မှတ်ဈေးနှုန်းဖြင့် ရန်ကုန်လိုင်စင် YVQC လက်မှတ် ရောင်းချေပးရန်ရှိကြောင်း ရန်ကုန်လိုင်စင် YVQC စနစ်ကိုခွင့်ပြုရန်တင်ပြထားသည့်တာဝန်ရှိသူထံက သိရသည်။

ရန်ကုန်လိုင်စင် YVQC စနစ်ကို စလစ်ကပ်နေရသော brand new ဘယ်မောင်းကားများနှင့်  ကားအရောင်းစင်တာများက အပ်ကုန်စနစ်ဖြင့်တင်သွင်းထေားသာ Consigniments ကပ်ရမည့်ကားများကို အွန်းလိုင်းမှတစ်ဆင့် Quota အရေအတွက်သတ်မှတ်ရောင်းချေပးသွားရန် တင်ပြထားရှိကြောင်း သိရသည်။

" ရန်ကုန်လိုင်စင်ကို အရေအတွက်နဲ့ရောင်းချေပးဖို့ တင်ပြထားတယ်။ အရောင်းစင်တောတွက consigniments နဲ့ကပ်ရမယ့်ကေားတွလည်း ရန်ကုန်လိုင်စင်ပေးမယ့်အထဲပါပါတယ်။ဈေးနှူန်းကတော့ သိန်း၉၀ နဲ့ အကြမ်းမျဉ်းသတ်မှတ်တင်ပြထားတယ်။"ဟု ရန်ကုန်လိုင်စင် YVQC စနစ်ကိုခွင့်ပြုရန်တင်ပြထားသည့်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယခင်ကလည်း အရောင်းစင်တာများကနေ consignment စနစ်ဖြင့် တင်သွင်းထားသည့် ကားများကို ၁၉၉၅ မိုဒယ်မှ ၂၀၀၀ မိုဒယ်အထိ ကျပ်သိန်း ၃၀ ဖြင့် လည်းကောင်း ၊၁၉၉၆ မိုဒယ်မှ ၂၀၀၀ မိုဒယ်အထိ သိန်း၆၀ ဖြင့်လည်းကောင်း နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး၂၀၀၁ မိုဒယ်မှ ၂၀၁၄ မိုဒယ်အထိကို စလစ်ကပ် မှတ်ပုံတင်လုပ်ဆောင်ရန်သတ်မှတ်ခေဲ့ကြာင်း သိရသည်။

policy

Author