ပြည်တွင်းစက်သုံးဆီကို သိုလှောင်စွမ်းအားမြင့်တင်ပြီး စက်သုံးဆီဈေးမြင့်တက်မှု ထိန်းချုပ်မည်

0

Full article

ပြည်တွင်း၌ သိုလှောင်စွမ်းများအားမြင့်တင်ပြီး စက်သုံးဆီဈေးမြင့်တက်မှု ထိန်းချုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မေလ၂၃ရက်တွင် အစိုးရသက်တမ်း ဒုတိယ တစ်နှစ်တာကာလအတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။

မေလအတွင်းတွင် စက်သုံးဆီဈေးမြင့်တက်မှုမှာ တစ်လီတာနှုန်းကို ကျပ် ၁ဝဝ နှုန်းမြင့်တက်လာရာ ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားမှုကို ဈေးနှုန်းကျဆင်းချိန်တွင် သိုလှောင်ထားနိုင်ပါက ပြည်တွင်းစက်သုံးဆီဈေးကို ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက်လာပါတယ်။ ကုန်သည်တွေရဲ့ ပြောဆိုချက်ကတော့ နိုင်ငံတ ကာဆီဈေးတွေတက်လို့ဆိုပြီးပြောကြပါတယ်။ စက်သုံးဆီက စင်ကာပူကနေ တစ်ဆင့် ဝယ်ယူရတော့ သိုလှောင်နိုင် စွမ်းမရှိတဲ့အခါမှာ ဈေးနှုန်းတက်ရင်တက်သလောက်ဈေးနဲ့၊ ကျရင် ကျသလောက် ဈေးနဲ့ ဝယ်ယူရတဲ့ အနေအထား မျိုးမှာရှိပါတယ်။ ဈေးကျတဲ့ အချိန်မျိုးမှာ ဝယ်ပြီး သိုလှောင်ထားနိုင်မယ်ဆိုရင်တော့ ဈေးနှုန်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး စက်သုံးဆီကို ဆိပ်ကမ်းတွေမှာ သိုလှောင်နိုင်တဲ့စွမ်းအား မြင့်တင်ဖို့ ကျွန်တော်တို့ အနေနဲ့တိုက်တွန်းထားတာရှိပါတယ်။ စက်သုံးဆီဈေးနဲ့ပက်သက်ပြီး တည်ငြိမ်ဖို့ အဓိကသိုလှောင်နိုင်တဲ့ ပမာဏ ကိုမြင့်ထားပေးဖို့ လိုမယ်ထင်ပါတယ်။ ဈေးကျတဲ့ အချိန်မှာ ဖမ်းဝယ်ထားပြီ ရောင်းမယ်ဆိုရင် ဈေးနှုန်းက ပိုပြီး တည်ငြိမ်လာမယ့်အနေအထားမှာရှိပါတယ်။ လက်ရှိအခြေအနေမှာ စက်သုံးဆီ ရောင်းချတဲ့ သူတွေက သိုလှောင်နိုင် တဲ့ စွမ်းအားနည်းပါးတဲ့အတွက်ကြောင့် စင်ကာပူဈေးကွက်တင်သွင်းမှုအပေါ် မူတည်ပြီး ဝယ်ယူရောင်းချရတာကြောင့် (ဈေးနှုန်းအတက်အကျ ပေါ်မူတည်ပြီးမှ) လိုက်ပါပြီးဈေးနှုန်း အပြာင်းအလဲ ဖြစ်တာပါ" ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြည်တွင်း၌ စက်သုံးဆီတည်ငြိမ်ရုံမက ဈေးကျဆင်းနိုင်ရန် လက်ရှိနိုင်ငံတကာမှသယ်ယူနေသည့် တန်ချိန် ၃သောင်း ပမာဏဆံ့သင်္ဘောများအစား တန်ချိန် ၅သောင်းမှ ၆သောင်း အထိ သယ်ယူနိုင်သည့် သင်္ဘောများဖြင့် ပြောင်းလဲ သယ်ယူမည်ဆိုပါက ပြည်တွင်း၌ တစ်လလျှင် ဒေါ်လာ ၁ဝသန်းကျော်ထိ သက်သာသွားနိုင်ကြောင်းနှင့် စက်သုံးဆီ များကို မော်တော်ယာဉ်၊ သင်္ဘောများနှင့်ဖြန့်ဖြူးခြင်းအစား ပိုက်လိုင်းများဖြင့် ဖြန့်ဖြူးခြင်းစနစ်ကို ဖော်ဆောင်ရန် စသည့်နည်းလမ်းများကိုလည်း နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ်တင်ပြထားပြီးဖြစ်ပါကြောင်း မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်ကရှင်းလင်းပြောဆိုခဲ့သည်။

"ကျွန်တော်တို့ နိုင်ငံကကုမ္ပဏီတွေ၊ ကုန်သည်တွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘူး၊ နိုင်ငံခြားမှာပါဆီ လှောင်ထား တယ်။ အားလုံးကလှောင်ထားတော့ ကိုယ်စိတ်ကူးနဲ့ကိုယ်ဆီကို ဈေးသင့်တော်တယ်ဆိုပြီးတော့ ဈေးနိမ့်တယ် ထင်ရင် ဝယ်ထားတယ်၊ ဈေးတက်ရင် တက်တော့ရောင်းတယ်။ ဒါပေမဲ့ သူများထက်လျှော့တော့ ရောင်းနိုင်တယ်။ ကျသွားရင်လဲသူခံရမှာရှိတာကိုး၊သူတို့မှာရှိတဲ့ ဆီလက်ကျန်အပေါ်မှာမူတည် ပြီးတော့မှ ဆီဈေးနှုန်းကို ထိန်းပြီး ရောင်းကြတယ်၊ ဈေးကွက်ရဖို့အတွက် အားလုံးကတော့ အနည်းဆုံးနဲ့ရောင်းနိုင်အောင်ကြိုးစားကြတယ်"ဟု ဦးဝင်းမြင့်ကရှင်းလင်းပြောကြားခဲ့သည်။

Regulation

Author